Sarcastic Fringehead လို့ အမည်ရတဲ့ငါးဟာ ရေသတ္တဝါတွေမှာထူးခြားတဲ့ငါးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အနည်းငယ်သေးငယ်တဲ့ရေငန်ငါးတစ်မျိုးဖြစ်ကာ ကြံ့ခိုင်သန်မာပြီး မျက်နှာထက်ပိုကြီးတဲ့ ပါးစပ်ကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။ သူတို့ရဲ့ကြီးမားတဲ့ပါးစပ်တွေဟာ အခြားသောရေနေသတ္တဝါတွေကို ကြောက်လန့်စေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုဆိုလည်းမမှားပါဘူး

ရံဖန်ရံခါမှာ သန္တာကျောက်တန်းတွေကြားမှာနေထိုင်လေ့ရှိပြီး ကိုယ်ပိုင်နေရာတွေအတွက်လဲ တိုက်ခိုက်တတ်ကြပါတယ်။ ရန်လိုတတ်တဲ့အမူအကျင့်တွေရှိပြီး အချင်းချင်းပင် ပြန်လည်တိုက်ခိုက်ကြတဲ့ ဒီငါးတွေဟာ ရေအောက် လောကမှာတော့ကြောက်စရာသတ္တဝါတွေလို့ဆိုရမလောက်ပါပဲ။

အခြားငါးသားပေါက်ငယ်များနဲ့ ရေနေသတ္တဝါငယ်များ၊ရေသတ္တဝါတွေရဲ့ ဥများကို စားသောက်ကြတဲ့ဒီငါး တွေဟာ သူတို့ရဲ့ သားလောင်းတွေအတွက်တော့ ငါးအထီးတွေကိုယ်တိုင်စောင့်ရှောက် ပေးလေ့ရှိကြပါတယ်။ California နိုင်ငံ San Diego တက္ကသိုလ်မှ သတ္တဗေဒပညာရှင် Zach Skeltonကတော့ ၎င်းတို့ရဲ့ပါးစပ်ဟာ ရုပ်ပိုင်းဆိုင်ရာ နဲ့တိုက်ခိုက်မှုကို ဟန့်တားစေနိုင်ရန်အတွက် အသုံးပြုတတ်ကြကြောင်းကိုဆိုထားပါတယ်
