ရှားပါးပြီး တွေ့ရခက်တဲ့ ချော့ကလက်လီလီ

//s9.kh1.co/3c/3cc4b45028fb12394b9d90853d870f79db38680c.jpg
MPT

 ၀၄-ဒီ-၂၀၂၃ ၇pm · လွန်ခဲ့သော ၈ လ က

ရှားပါးပြီး တွေ့ရခက်တဲ့ ချော့ကလက်လီလီ

Chocolate lily လို့ နာမည်ရတဲ့ နှင်းပန်းလေးတွေကို တော့ စိုစွတ်တဲ့ဒီရေတောတွေ၊ မြတ်ခင်းတွေ၊ သစ်တောတွေ၊ ကျောက်ဆောင်ကမ်းပါးတွေ မြေနိမ့်ပိုင်းဒေသများမှာတွေ့ရပါတယ်။ ၁၅၇၀မှာ Noel Capperon အမည်ရှိတဲ့ ဆေးပညာရှင်တစ်ဦး တွေ့ရှိခဲ့ပြီး လူအချို့ကတော့ Fritillaria လို့ခေါ်ဆိုခဲ့ကြပါတယ်။ ချော့ကလပ်နဲ့ တူတဲ့ အရောင်ကို ပိုင်ဆိုင်ထားတာကြောင့် Chocolate lily  လို့ အမည်တွင်ရာမှလူသိများလာခဲ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c2/c2b2b33d3a60019d832aef838af08e0d89e10916.jpg

ချော့ကလပ်လီလီပန်းလေးတွေဟာ အပြစ်ကင်းခြင်း၊ သန့်စင်ခြင်း၊ ပြန်လည်မွေးဖွားခြင်းလို့ အဓိပ္ပာယ်ရပြီး လူအများရဲနှစ်သက်ခြင်းခံရတဲ့ပန်းလေးတွေဆိုလည်းမမှားပါဘူး။ အပင်ချစ်သူတွေကတော့ ချော့ကလပ် လီလီ တွေဟာ သဘာဝကမ္ဘာကြီးရဲ့ အလှကို ကိုယ်စားပြုထားကြောင်းဆိုကြပြန်ပါတယ်။ နောက်ထပ်ချစ်စရာ ကောင်းတဲ့ အချက်လေးကတော့ ဒီပန်းလေးတွေဟာ အရောင် မက အနံ့ပါချော့ကလပ်နံ့ ရနေခြင်းပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/a6/a6c37701e805576ed4f1e5145fc219571f422630.jpg

နှစ်ရှည်ခံပင်တွေဖြစ်တဲ့ချော့ကလပ်လီလီဟာ လူအများအတွက်တော့ အစားအစာတွေဖြစ်နေပြန်ပါတယ်။ မေလမှ ဇူလိုင်လအထိပန်းပွင့်ပြီး အစေ့မှအပင်သစ်မျိုးပွားကြပါတယ်။ အချို့ဒေသတွေမှာ ကျန်ရှိနေသေးတဲ့ ချော့ကလပ်လီလီတွေဟာ ဒေသအချို့မှာတော့မျိုးသုဉ်းလုနီးပါးရှိနေကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/df/df1f0f4bb347e7c9b4374b496e54affa8866788b.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T