အီတလီနိုင်ငံအလယ်ပိုင်း Viterbo ပြည်နယ်ရှိ Civita မြို့ဟာရောမမြို့မြောက်ဘက် ၁၂၀ ကီလိုမီတာ ခန့်မှာ ရှိပါတယ်။ရေတိုက်စားမှုရှိတဲ့ နေရာတွေဖြစ်လို့ မြေပြိုမှုများတာကြောင့်ကျောက်တုံးပုံစံနှစ်မျိုးနဲ့ ဖွဲ့စည်း ထားပြီး အချိန်ကာလရွှေ့လျားလာတာနဲ့အမျှဖွဲ့စည်းပုံဟာထူးခြားနေပါတယ်။ မကြာခဏပျက်စီးသွားတတ်တဲ့ အုတ်မြစ် တွေကြောင့် Civita အမည်ပျောက်ကာ Dying city(သေခါနီးမြို့)လို့လူသိများပါတယ်

ရေတိုက်စားမှုများတဲ့ ဒီမြို့ကြီးရဲ့အောက်ခြေကို ရွံ့စေးဖြင့်မွမ်းမံထားပြီး အပေါ်လွှာကို တော့ ယမ်းစိမ်းနဲ့ ချော်ရည်များကို ရောကာပြုလုပ်ထားပုံကထူးခြားနေစေပါတယ်။ Dying city လို့အမည်ရတဲ့ ဒီမြို့ကြီးရဲ့ အောက်မှာဝိုင်သိုလှောင်ခန်းများ၊ ရေသိုလှောင်ခန်းများနဲ့ ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့တဲ့ ဗုံးခိုကျင်းများ ရှိခဲ့တယ်လို့လည်းသိရပါတယ်

ရှေးဟောင်းလက်ရာတွေနဲ့ထူးခြားနေတဲ့ဒီ Civita မြို့ကြီးဟာ နှစ်ပေါင်းရာကျော်ရှိတဲ့ ဗိသုကာလက်ရာများနဲ့ တန်ဖိုးမဖြတ်နိုင်စရာမြို့တစ်မြို့ဆိုလည်းမမှားပါဘူး။ ကမ္ဘာစစ်နှစ်ခုတိုင်ပျက်စီးမှု များများမရှိပဲခိုင်ခိုင်ခန့်ခန့် တည်ရှိ ခဲ့တဲ့ ဒီမြို့ဟောင်းကြီးဟာ ရေတိုက်စားခြင်း နဲ့ ခရီးသွားလုပ်ငန်းများတွင်ကျယ်လားခြင်းတို့ကြောင့် နောင်အချိန် ပျက်စီးမှုများရှိလာမည်ကို လည်းစိုးရိမ်နေကြရပါတယ်။ ဒါ့ကြောင့် World Monuments Fund's အဖွဲ့မှ ၂၀၀၆ ခုနှစ်မှာထိန်းသိမ်းစောင့်ရှောက်ရမည့်နေရာ အခု ၁၀၀ အတွင်းမှ တစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်
