Scarlet elf လို့ခေါ်တဲ့မှိုအမျိုးအစားတွေကို အာဖရိက၊ အမေရိက ၊ အာရှ နဲ့ ဩစတြေးလျ တို့မှာ တွေ့ရပါတယ်။ ဒီမှိုတွေကို ၁၇၇၂ ခုနှစ်သိပ္ပံစာပေမှာ ပထမဆုံးဖော်ပြခံရပြီးကတည်းက လူသိများလာရခြင်းပဲဖြစ်ပါတယ်။ ထူးခြားတာကတော့ Scarlet elf လို့နာမည်ရသည်နဲ့အညီ ချစ်စရာ ဦးထုပ်ကလေးတစ်ခု နှင့်သော်လည်ကောင်း၊ ခွက်ကလေးတစ်ခုနှင့်သော်လည်ကောင်းတူလှပါတယ်

ခွက်နဲ့တူတဲ့ဒီမှိုတွေဟာ လှပသလို သေးငယ်ပေမယ့် အေးခဲတဲ့ရာသီဥတုမှာတောင် ပေါက်ရောက်နိုင်တဲ့ ထူးခြားတဲ့ မှိုလေးတွေပဲဖြစ်ပါတယ်။ ချောမွှေ့တောက်ပတဲ့ အနီရောင်နဲ့ တောက်ပနေတဲ့မျက်နှာပြင်မှာ သေးငယ်တဲ့ အမွှေးနုလေးတွေနဲ့ဖုံးအုပ်ထားပါတယ်။ ဆောင်းဦးပေါက်ရာသီတွေမှာ ပေါက်လေ့ရှိတဲ့ ဒီအပင် တွေဟာချစ်စရာကောင်းသလို ဆေးဖက်လည်းဝင်နေပြန်ပါတယ်

ရှေးအချိန်ကတော့ သေးငယ်တဲ့ ဒီမှိုလေးတွေကို သွေးယိုခြင်းကို ကာကွယ်ရန်အတွက်မှိုသတ်ဆေးအဖြစ် အသုံးပြု ခဲ့ကြပါတယ်။မှိုကို အခြောက်လှန်းကာ အမှုန့်ကြိတ်ပြီး အနာကျက်ဆေး အဖြစ်လည်းအသုံးပြုခဲ့ ကြပါသေးတယ်။ ရုရှားနိုင်ငံမြောက်ပိုင်းမှာတော့ အသုပ်သော်လည်ကောင်း၊ကြော်၍သော်လည်ကောင်းစား ကြပြီးအခြားနိုင်ငံတွေမှာလည်းနည်းမျိုးစုံနဲ့စားသောက်ကြပါတယ်။ ဆေးဖက်ဝင်ပြီးလှပတဲ့ ဒီအပင်လေးတွေ ကတော့ မှိုတွေထဲမှာတော့ အတော်ထူးခြားပြီး ချစ်စရာကောင်းနေပါတယ်
