အီတလီနိုင်ငံတောင်ပိုင်း Capri ကျွန်းမှာရှိနေတဲ့ ဒိဂူကြီးကို Blue Grotto လို့လူသိများပါတယ်။ Blue Grotto လို့ခေါ်ရခြင်းအကြောင်းအရင်းကတော့ ဒီဂူကြီးဟာ ထူးခြားတဲ့အပြာရောင်ရေပြင်ကို ပိုင်ဆိုင်ထားရုံမကပဲ ဂူမျက်နှာကြက်အထိပါအပြာရောင်အလင်းတန်းများထိစပ်နေရခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုအလှတရား တွေပိုင်ဆိုင်ထားမှုကပဲ လူတို့ကမ္ဘာမှာရှိနေတဲ့ နိဗ္ဗာန်ဘုံ တစ်ခုအနေနဲ့ သတ်မှတ်ခြင်စရာကောင်းနေပြန်ပါတယ်

အမှန်တကယ်တော့ ဂူအပေါက်မှဝင်လာတဲ့နေရောင်ခြည်ဟာ ဂူအတွင်းရှိပင်လယ်ရေပြင်ပြာပေါ်သို့ ကျရောက် ကာ အလင်းပြန်ပြီးမျက်နှာကြက်ကိုပါအရောင်မျာထင်ဟပ်စေတာပဲဖြစ်ပါတယ်။ ဒီထူးဆန်းတဲ့ဂူကြီး ဟာ မိစ္ဆာတွေနေကြတယ်ဆိုတဲ့ စကားများအရ သွားရောက်သူမရှိခဲ့ပါဘူး ။၁၈၂၆ မှာ ဂျာမန် စာရေဆရာ August Kopisch နဲ့ သူရဲ့ သူငယ်ချင်းတို့ အလည်အပတ်သွားသွားပြီး မှတ်တမ်းများကို ထုတ်ဖော်ပြခဲ့ရာမှ ပြန်လည် လူသိများလာရပါတယ်

ထူးဆန်းသောဒီဂူကြီးမှာ ရှေးခေတ်ရုပ်ပွားတော်များလည်းရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၆၄ ခုနှစ်မှာတွေ့ခဲ့ရတဲ့ ရုပ်ပွားတော်တွေဟာ အေဒီ ၁ ရာစုကလက်ရာတွေနဲ့တူကြောင်းကို ပညာရှင်တွေကဆိုထားပါတယ်။ ဒေသခံ တွေကတော့ ဒီဂူကြီးဟာဧကရာဇ် Tiberius ရဲ့ ချိုးရေတော်ကန်အဖြစ် လည်ကောင်း နတ်ဘုရားများရဲ့ ခမ်းနားထည်ဝါသောရုပ်ထုများနဲ့ထူးခြားနေတဲ့ ရောမ အဏ္ဏဝါဘုရားကျောင်းတစ်ခု အဖြစ်လည်ကောင်း ဆိုကြပါတယ်။ ဘယ်လိုပင်ဆိုစေကာမူ ထူးဆန်းတဲ့ဒီဂူကြီးဟာနှစ်စဉ် ခရီးသွားများစွာကို ဆွဲဆောင်နေသည်မှာ တော့ အမှန်ပင်ဖြစ်ပါတယ်
