Gothic Benedictine ဘုရားကျောင်းကို သဲသောင်ပြင် ဖြူဖွေးဖွေးနဲ့ တသွင်သွင် စီးဆင်းနေတဲ့ မြစ်ရေစီးကြောင်းကြား ကျောင်ဆောင်ပြင် တစ်ခုပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ခရစ်ယာန် ဘုန်းတော်ကြီး Gothic Benedictine အား ထိုဘုရားကျောင်း ဆောက်လုပ်ရန် ဘုရားသခင်မှ တာဝန်ပေးခဲ့တာ ဖြစ်တယ်လို့လဲ ပြောဆိုကြပါတယ်။ ရောမခေတ် 11 ရာစုနဲ့ 16 ရာစုကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး “Island city” လို့ လဲ တင်စားခေါ်ဝေါ်ကြပါတယ်။

ပဒေသရာဇ်ခေတ်မှာ တည်ဆောက်ခဲ့တာ ဖြစ်လို့ လူ့အဖွဲ့အစည်း အလွှာအမျိုးစားကို ခွဲခြားပြထားတဲ့ ဒီဇိုင်းက ထင်ရှား ပေါ်လွင်ပါတယ်။ ကျောက်ဆောင်၏ အမြင့်ဆုံးထိပ်တွင် ဘုရားကျောင်း ၊ အောက်ခြေတွင် ခန်းမများ ၊ ထို့နောက် စတိုးဆိုင်နှင့် အိမ်များ ၊ အောက်ခြေ နံရံအပြင်ဘက်တွင် တံငါသည်များ၏ အိမ်များ စသည်ဖြင့် အဆင့်အဆင့် ပိုင်းခြားထားတာကလဲ ထိုကျွန်းရဲ့ ထူးခြားချက်ပါ။

အဆိုပါ ကျွန်းငယ်ကို အင်္ဂလိပ်တွေ အကြိမ်ကြိမ် ကျူးကျော်စစ်ထိုးခဲ့ပေမယ့် တစ်ကြိမ်တစ်ခါတောင် အနိုင်ရခဲ့ခြင်းမရှိပါဘူး။ အမြောက်တွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့သည့်တိုင် “les Michelettes” လို့လူသိများတဲ့ အဆိုပါကျွန်းဟာ ဘုရားသခင်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေခဲ့တာကြောင့် ပြိုလဲကျရှုံးသွားခြင်း မရှိတာကလဲ အံ့ဖွယ်အချက်တွေထဲက တစ်ခုပဲ ဖြစ်ပါတော့တယ်။

သတင်း အရင်းအမြစ်៖ fiveminutehistory