Ellora ဂူဟာ အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်အလယ်ပိုင်းMaharashtra ပြည်နယ်ရှိ ကျောက်တုံး ဘုရား ကျောင်း ၃၀ ကျော်အတွင်းမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဟိန္ဒူနတ်ဘုရားShiva ကျိန်းဝပ်ရာ ဟိမဝန္တာ တောင်ရှိKailas တောင်ရဲ့ကျောက်နံရံကို ဖောက်ထွင်းကာတည်ဆောက်ထားပုံကလည်း ဒီကျောင်းကြီးရဲ့ ထူးခြားမှု တစ်ပါခုပဲ။ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ASI မှထိန်းသိမ်းစောင့်ရှောက် ထားရတဲ့ရှေးဟောင်းအမွှေအနှစ်တွေထဲကတစ်ခုဆိုလည်းမမှားပါဘူး

ကျောက်တောင်စောင်းကြီးကို ဖောက်ထားသော ဒီကျောက်ဂူကြီးဟာအမြင့် ၁၀၀ပေ၊အရှည် ၁၆၄ပေ နဲ့ အကျယ် ၁၀၈ပေရှိပြီးအဆင့်လေးဆင့်ရှိပါတယ်။လှေကားများ၊ တံခါးများ နဲ့ လက်ရာမြောက်သော ပန်းပုလက်ရာ မြောက်များစွာလည်းထွင်းထုထားပါသေးတယ်။ ဒီကျောက်ဂူကြီးရဲ့လူသိများထင်ရှားတဲ့ လက်ရာတစ်ခုကတော့ နတ်ဆိုးတွေကို ခြင်္သေ့အသွင်ပြောင်းကာတိုက်ခိုက်ခဲ့တဲ့ ဗိဿနိုးရုပ်ထုပဲဖြစ်ပါတယ်

Maharashtraပြည်နယ်အနောက်ပိုင်ဟာအိန္ဒိယနိုင်ငံရဲ့ထူးခြားတဲ့ဂူတွေနဲ့ပြည့်နေရာတစ်ခုဖြစ်ပါတယ်။ အားလုံးထဲမှာတော့ ဟိန္ဒူဘုရားကျောင်းတွေဟာဒီဇိုင်းအဆန်းဆုံးဖြစ်ကာ ဗုဒ္ဓဘာသာလိုဏ်ဂူများဟာ အလှဆင်မှု အရိုးရှင်းဆုံး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဗိသုကာပညာအမွေအနှစ်တွေစုစည်းနေတဲ့ဒီဘုရားကျောင်းကြီးဟာ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင်ကျောင်းဆောင်တစ်ခုဆိုလည်းမမှားပါဘူး
