အမှန်တရားဖော်ဆောင်ပေးတယ်လို့ယုံကြည်ကြတဲ့ ကျောက်မျက်နှာဖုံး

//s9.kh1.co/21/21d2cc1096c19da60175a5ef374004fead26f0f7.jpg
MPT

 ၀၁-ဒီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၈ လ က

အမှန်တရားဖော်ဆောင်ပေးတယ်လို့ယုံကြည်ကြတဲ့ ကျောက်မျက်နှာဖုံး

ရောမမြို့ဆိုတာနဲ့ ရှေးဟောင်းသမိုင်းဝင်အမွှေအနှစ်တွေရှိနေတဲ့ နေရာတစ်ခုလို့သိကြမယ်ထင်ပါတယ်။ ရောမ မြို့ ရဲ့ Hercules Victorဆိုတဲ့ ဘုရားကျောင်းမှာထူးခြားတဲ့ကျောက်မျက်နှာဖုံးကြီးတစ်ခုရှိပါတယ်။  Mouth of Truth လို့အမည်ရတဲ့ဒီကျောက်မျက်နှာဖုံးကြီးဟာ စကျင်ကျောက်နဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/20/203f2e328cce12be7cfbefb45b272897790dca7a.jpg

အလေးချိန်အားဖြင့် ပေါင် ၂၈၀၀ ကျော်လေးပြီး အချို့က ပင်လယ်နတ်ဘုရား Oceanus ရဲ့မျက်နှာကို ပုံဖော်ထားတယ် လို့ယူဆကြပါတယ်။ လူအချို့ကတော့ ကုန်သည်တွေဟာ Hercules ကို ပူဇော်ဖို့ ကျွဲနွားများကိုသတ်ပြီး သွေးများ အညစ်အကြေးများ စွန့်ထုတ်ရန်ပိုက်လုံးအဖြစ်အသုံးပြုခဲ့တယ်လို့လဲဆိုကြပြန်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/54/54ec29024fccab3e8be5b8d968852beb4e5af34e.jpg

နှစ်ပေါင်း2000 ကျော်သက်တမ်း ရှိနေတဲ့ဒီမျက်နှာဖုံးကြီးဟာ ၁၉၅၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Roman Holidayဆိုတဲ့ ရုပ်ရှင်ကားမှာပါဝင်ခဲ့ပြီးနောက်လူသိပိုများလားရပါတယ်။ ရိုးသားမှုမရှိပဲ လိမ်ညာပြောဆိုတဲ့သူတွေဟာ သူတို့ ရဲ့လက်ကို ကျောက်မျက်နှာဖုံးရဲ့ ပါစပ်ထဲမှာ ထည့်မိ ရင်တော့ အကိုက်ခံရတယ် ဆိုတဲ့ပြောစကား တွေကလည်း လူတွေကို ပိုစိတ်ဝင်စားစရာဖြစ်စေ ပါတယ်။ ထိုအချက်ကပဲ ခရီးသွားတွေကို ဆွဲဆောင်နေပြီး မြင်သူတိုင်းကို ကျောက်ပါးစပ်ထဲလက်ထည့်ချင်လောက်အောင်အထိကို ဆွဲဆောင်နိုင်တယ်လို့သိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/c6/c609a4a6f8bacc8d0d640d5f4ac16e592ac6b50e.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T