ဘောလုံးငါး (သို့) Pufferfish

//s9.kh1.co/de/de1a31ef849c5b7d3be76251c4ddc6081a593b2d.jpg
MPT

 ၀၃-ဒီ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

လူအယောက် သုံးဆယ်ထိ သေစေနိုင်သော အဆိပ်ရှိသည့်ငါး

လေပူဖောင်းကဲ့သို့ လုံးလုံးဖောင်းဖောင်း ငါးတစ်မျိုးကို ကမ္ဘာတစ်ဝှမ်း အပူပိုင်းဒေသတွေမှာ တွေ့ရှိရပါတယ်။ မျိုးစိတ်ပေါင်း 90 ကျော်ရှိပြီး အများစုကတော့ အဆိပ်ရှိကြပါတယ်။ ဒါပေမယ့် တချို့သော မျိုးစိတ်တွေကိုတော့ ဂျပန်စားဖိုမှူးတွေက ဂရုတစိုက် သန့်စင်ပြီး ဟင်းလျာအဖြစ် ဖန်တီးကာ စျေးအမြင့်ဆုံးတင်ပြီး ပြန်လည် ရောင်းချပါတယ်။ 

https://s9.kh1.co/__image/w=650,h=455,q=100/24/24ad1a5d74356ab20a04fed4ad7167ee5bbfde30.jpg

ပျော့ပျောင်းတဲ့ ၎င်းတို့ဝမ်းဗိုက်ကို အသုံးပြုပြီး ရေပမာဏများစွာ ထိန်းသိမ်းထားနိုင်ကာ နဂိုမူလ အရွယ်ထက်  ကြီးထွားအောင် ပြုလုပ်နိုင်ကြပါတယ်။ အချို့သော Pufferfish တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆူးတောင်တွေ ပါရှိပြီး အန္တရာယ်ကို ကာကွယ်ဖို့ အသုံးပြုကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/8c/8cb81c738cc6b98125c6c94470324e9dec2fad16.jpg

ဘောလုံးငါး တစ်ကောင်ရဲ့ အဆိပ်ဟာ အရွယ်ရောက်ပြီးသား လူ သုံးဆယ်ကို သေစေနိုင်တဲ့ ပမာဏရှိပါတယ်။ လက်ရှိမှာတော့ လေထုညစ်ညမ်းခြင်း၊ နေထိုင်မှုဆုံးရှုံးခြင်းနှင့် ငါးအလွန်အကျွံဖမ်းဆီးခြင်း တို့ကြောင့် မျိုးစိတ်အရေအတွက်ကို ထိခိုက်နေပြီပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=367,q=100/0b/0b3d65b7b7d2e1508413ece14c6eeccf92fa6581.jpg

သတင်း အရင်းအမြစ် kids.nationalgeograph

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T