Sequoia လို့ခေါ်တဲ့ဒီအပင်တွေဟာ ကမ္ဘာ့အသက်အကြီးဆုံးသစ်ပင်လို့ လူတွေလက်ခံထားရုံမကပဲ အရွယ်အစား အကြီးဆုံး သစ်ပင်လို့လဲဆိုကြပါတယ်။ Californiaနိုင်ငံ ရှိ Kings Canyon National Park မှာ တွေ့ရတဲ့ ဒီ အပင် တွေ ဟာ ထင်းရူးပင်အမျိုးအစားတွေဖြစ်ပါတယ်။ အမြင့်ပေ ၂၈၀ကျော် ပင်စည်လုံးပတ် ပေ၁၁၀ ကျော် ရှိတဲ့ ဒီအပင် တွေဟာ ကြီးထွားမှုမြန်ဆန်တဲ့ အပင်အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်

ထူ ပြီး မာကြောတဲ့ သစ်ခေါက်တွေကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် ဒီသစ်ပင်ကြီးတွေဟာ မီးလောင်မှု ကို အသင့် အတင့် ခံနိုင်ရည်ရှိပါတယ်။ မီးလောင်မှုကြောင့် Sequoia အပင်တို့ သေဆုံးမှုရှားပါးပေမယ် ကြီးမားသော ဒဏ်ရာတွေတော့ ရရှိခဲ့ကြပါတယ်

မိုးခေါင်မှုကြောင့် Sequoia အပင် အချို့သေဆုံးခဲ့ကြမှုများရှိခဲ့ပြီး Californiaနိုင်ငံ Berkeley တက္ကသိုလ်မှ အပင် ဗေဒ ပညာရှင် Anthony Ambrose ကတော့ မိုးခေါင်ခြင်းက အပင်တွေကိုအားနည်းစေပြီး ပိုးမွှားတွေကို ခုခံ နိုင်ခြင်း လျှော့နည်းစေတာကြောင့် အပင်တွေသေကြရတယ် လို့ဆိုပါတယ်။ကြီးမားတဲ့ထင်းရှူးပင်ကြီးတွေရှိနေ တဲ့ Kings Canyon National Parkဟာ လှပတဲ့တောရိုင်းပန်းတွေနဲ့ထူးခြားနေပြီးခရီးသွားတွေကိုဆွဲဆောင် နေတဲ့ နေရာ လဲဖြစ်ပါတယ်
