သားပိုက်ကောင်တွေသစ်ပင်ပေါ်မှာ နေကြလား?

//s9.kh1.co/82/82cbf0cd2fc9723436cabb7a040df1caf7c580f3.jpg
MPT

 ၀၁-ဒီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

သစ်ပင်ပေါ်မှာနေတဲ့သားပိုက်ကောင်မျိုးစိတ်

သားပိုက်ကောင်ဆိုတာနဲ့ မြေပြင်မှာပြေးလွှားဆော့ကစားနေတဲ့ ချစ်စရာအကောင်လေးတွေ မျက်စိထဲပြေးမြင် ကြမယ်ထင်ပါတယ်။နယူးဂီနီ နဲ့ ဩစတေးလျ နိုင်ငံ အရှေ့မြောက်ဘက်စွန်းဒေသအတွင်းရှိ အပူပိုင် မိုးသစ်တောအချို့မှာတွေရတဲ့ Tree-kangaroos လို့ခေါ်တဲ့ သားပိုက်ကောင်တွေကတော့ သစ်ပင်ပေါ်မှာနေတဲ့ သားပိုက်ကောင် အမျိုးအစားများတွေပဲဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/87/8721105d87302525b7168cddf2406c6310f35ae9.jpg

၁၉၉၀ခုနှစ် နယူးဂီနီနိုင်ငံမှာ တွေ့ရှိခဲ့ရတဲ့ ဒီမျိုးစိတ်ဟာ ပုံမှန်သားပိုက်ကောင်များထက် အရွယ် အစား အနည်းငယ် တုတ်ခိုင်ပါတယ်။ သစ်ပင်မှာနေထိုင်ကျက်စားသောအမျိုးအစားများဖြစ်သည်နဲ့အညီ ရှည်လျှားပြီး ကွေးနေတဲ့ လက်သဲ တွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ရှည်လျှားတဲ့ အမြှီးတွေကို ပိုင်ဆိုင်ထားပြီး အထီး တွေဟာ အမတွေထက်အရွယ်အစားပိုကြီးတာကို လည်းတွေ့ရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/6c/6cee73cbf279404d44b9ab695ba4a0792219c1bd.jpg

Tree-kangaroos တွေဟာ အသီးအရွက်ကို အဓိက စားသုံးပါတယ်။ အဓီကအားဖြင့် အသီးအနှံတွေ၊ ပန်းတွေ ၊ အစေ့အဆန်တွေကိုအဓိကစားသုံးပြီး ရန်ဖန်ရန်ခါမှာတော့ ငှက်တွေ၊ ဥတွေနဲ့မြွေတွေကို လည်းစားသုံးပါတယ်။ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်းတွေနဲ့ လူတွေရဲ့အမဲလိုက်ခြင်းတွေဟာ ဒီသားပိုက်ကောင်တွေကိုမျိုးသုဉ်းစေနိုင်တဲ့ အဓိကအချက်တွေဖြစ်ပြီ ကမ္ဘာမှာ အရေအတွက်အနည်းငယ်သာကျန်ရှိတော့တဲ့ မျိုးစိတ်တွေဆိုလဲမမှားပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/39/3978a2c477f0c02e6400f3201b2c496d308f213d.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T