ငှက်တွေ ကွာရှင်းရတဲ့ အကြောင်း

//s9.kh1.co/98/98a0ab3b6b32f8c81f8656338a86662ee9afea73.jpg
MPT

 ၃၀-နို-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ လ က

ငှက်တွေ ကွာရှင်းရတဲ့ အကြောင်း

မိတ်လိုက်ရာသီတစ်ခုမှာ မိတ်ဖက်တစ်ကောင်တည်း ထားကြပေမယ့် အချို့ငှက်တွေကတော့ လက်ရှိမိတ်ဖက်ကို ကွာရှင်းကာ လာမယ့်မိတ်လိုက်ရာသီတွေအတွက် မိတ်ဖက်အသစ် ရှာဖွေကြပါတယ်။  သုတေသီအဖွဲ့က ငှက်တွေမှာ ကွာရှင်းခြင်းကိုဖြစ်စေတဲ့ အဓိကအချက် ၂ ခုကို တွေ့ရှိခဲ့ရာ ငှက်ထီးများအကျင့်ပျက်ခြင်းနဲ့ အလွန်ဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းတို့ ကြောင့်ဖြစ်နိုင်တယ်လို့ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d4/d403dc11bd93a362248f1a2e940d8f4d7d83cbcb.jpg

စင်ရော်၊ ပျံလွှားတို့လို ငှက်တွေက ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်ခြင်းနှုန်း မြင့်မားနေပြီး ငန်း၊ ဘဲငန်းတို့လို ငှက်တွေကတော့ ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်မှုနှုန်း နည်းပါးတာကို တွေ့ရပါတယ်။     အထီးအကျင့်ပျက်မှုမြင့်မားခြင်းက ကွာရှင်းမှုနှုန်းမြင့်မားတာနဲ့ ဆက်စပ်နေပြီး ငှက်မအကျင့်ပျက်မှုကတော့ ဒီလိုမျိုး မဖြစ်စေပါဘူး။ ပိုမိုဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း ကွာရှင်းမှုနှုန်း မြင့်မားစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/7c/7c750b6a5ea9615b81bac55e8504ca381be15507.jpg

မိတ်လိုက်နေရာသို့ အချိန်အခါ မတူဘဲရောက်ရှိခြင်းကြောင့် စောစီးစွာရောက်တဲ့ ငှက်တွေက အခြားငှက်တွေနဲ့ မိတ်လိုက်ကြကာ ကွာရှင်းရခြင်း ဖြစ်လာစေပါတယ်။ ကွာရှင်းခြင်းကြောင့် မျိုးပွားနေရာရောက်တဲ့အခါ မိတ်ဖက်ဟောင်းကို စောင့်နေစရာမလိုဘဲ စောစောမိတ်လိုက်လို့ရတဲ့ အကျိုးကျေးဇူးတော့ရှိပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T