နှမ်းစေ့ထက်ပင် သေးငယ်တဲ့ ပျားတွေရဲ့ဦးနှောက်

//s9.kh1.co/59/59e701d6fa2e233858689b73feb255d897259431.jpg
MPT

 ၃၀-နို-၂၀၂၃ ၂pm · လွန်ခဲ့သော ၈ လ က

နှမ်းစေ့ထက်ပင် သေးငယ်တဲ့ ပျားတွေရဲ့ဦးနှောက်

သေးငယ်တဲ့ ပျားလေးတွေဟာ သူတို့အတွက် အရေးကြီးတဲ့အရာတွေကို ရွေးချယ်တဲ့အခါ လူသားတွေထက် ပိုမိုလျင်မြန်သာလွန်စွာ ပြုလုပ်နိုင်စွမ်းရှိပါတယ်။  အံ့အားစရာကောင်းတာက နှမ်းစေ့ထက်ပင် သေးငယ်တဲ့ ပျားတွေရဲ့ဦးနှောက်တွေဟာ ဆုံးဖြတ်ချက်ချရာမှာ  ပိုမိုမြန်ဆန်နေကြောင်း မကြာသေးမီက လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c7/c765074124e7503c32ebab3275a8dcf5d3f170e5.jpg

ပျားအုံအတွက် အစာရှာရာမှာ ကြိုးပမ်းအားထုတ်မှု၊ စွန့်စားရမှု၊ အကျိုးရလဒ်များကို ကောင်းမွန်ထိရောက်စွာ အသုံးချနိုင်ရန် နှစ်သန်းပေါင်းချီပြီး ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။   ပျားတစ်ကောင်ရဲ့ လုပ်ငန်းတာဝန်တွေအတိုင်း စက်ရုပ်တစ်ခုကို လုပ်ခိုင်းမယ်ဆိုပါက စူပါကွန်ပျူတာရဲ့စွမ်းရည်မျိုး လိုအပ်လောက်တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/46/46518adc4c82764a7ed90ae67d1280e53e011a51.jpg

ပျားတွေဟာ ဝတ်ရည်စုဆောင်းခြင်း၊ ရန်သူများထံမှ ကာကွယ်ခြင်းတို့ကို ထိရောက်မြန်ဆန်စွာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရသလို ဘယ်ပန်းတွေက အစာပါဝင်နိုင်သလဲဆိုတာကိုလည်း ဆုံးဖြတ်ရပါသေးတယ်။  လေထဲပျံနေတဲ့အချိန်မှာ လေထဲကတိုက်ခိုက်မှုတွေ အဓိကကြုံနိုင်သလို စားသောက်ဖို့ ရပ်နားလိုက်ရင်လည်း ပန်းတွေလို သရုပ်ဖျက်ဟန်ဆောင်ထားတဲ့ သတ္တဝါတွေနဲ့ တွေ့နိုင်ပါတယ်။ စမ်းသပ်ချက်အရ ပန်းတစ်ပွင့်က အစာရှိလား မရှိဘူးလားဆိုတာ ဆုံးဖြတ်ချက်ချဖို့ ၀.၆ စက္ကန့်သာကြာပြီး လျင်မြန်စွာ ဆုံးဖြတ်နိုင်ကြောင်း ဒေါက်တာ'မာဘူဒီ'က ရှင်းပြခဲ့ပါတယ်။ မသေချာဘူးဆိုရင်တော့ ၁.၄ စက္ကန့်လောက်ကြာမြင့်တတ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T