မြောက်ပိုင်းမှ သုတေသီများက ရှာတွေ့ခဲ့တာဖြစ်ပြီး မိုဆာဆောအရိုးငြမ်း ဆန်းစစ်ချက်အရ မျိုးစိတ်အသစ် ဖြစ်နေပါတယ်။ မျိုးစိတ်အသစ်က ရေယက်များပါရှိပြီး ၂၄ ပေခန့်ရှည်လျားပါတယ်။ဒီမျိုးစိတ်အသစ်ကို Jormungandr walhallaensis လို့အမည်ပေးထားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၈၀ ခန့်က သမုဒ္ဒရာတွေမှာ နေထိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီရုပ်ကြွင်းဟာ သုတေသီတို့နားမလည်တဲ့ ဘူမိကာလအချိန်က ဖြစ်ကြောင်း ပညာရှင်များက ပြောထားပြီး အမေရိကန် သဘာဝသမိုင်းပြတိုက်မှာ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ရေနေပုတ်သင်မျိုးဆက်က ရေနေသတ္တဝါများထက်ပိုပြီး ကြောက်စရာကောင်းခဲ့ဟန်တူပါတယ်။မိုဆာဆောမျိုးစိတ်တွေက ရေကူးတက်တဲ့ ကိုမိုဒိုနဂါးမျိုးစိတ်နဲ့ဆင်တူကြပါတယ်။

ကိုမိုဒိုနဂါးတွေဟာ ဆန်းကြယ်ဝတ္ထုဇာတ်လမ်းတွေထဲကလို မီးမှုတ်တဲ့သတ္တဝါ မဟုတ်ပေမယ့် တကယ့်အသားစား ပုတ်သင်မျိုး ဖြစ်ကြပါတယ်။ကိုမိုဒိုနဂါးတွေကို ရေယက်တပ်ပေးလိုက်ပြီး အကောင်ပိုကြီးပေးလိုက်ရင် မိုဆာဆောမျိုးစိတ် ဖြစ်သွားလိမ့်မယ်လို့ ပညာရှင်များကပြောဆိုထားကြပါတယ်။