မြေခွေးတစ်ကောင် နဲ့ ခွေးတစ်ကောင်တို့ မျိုးစပ်ထားတဲ့ သတ္တဝါသေဆုံး

//s9.kh1.co/15/15710969d7cda8faf51125d9bc926d463d4b085d.jpg
MPT

 ၂၉-နို-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာပထမဆုံး ခွေးနဲ့မြေခွေးမျိုးစပ်ထားတဲ့ သတ္တဝါသေဆုံး

 ကမ္ဘာ့ပထမဆုံး ခွေးနဲ့မြေခွေးစပ်ထားတဲ့ သတ္တဝ ါဘရာဇီးနိုင်ငံမှာစမ်းသပ်မွေးဖွားခဲ့ပါတယ်။ 

မည်းနက်ချွန်ထက်တဲ့ နားရွက်ရှိပြီး ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုးတွေ့ရကြောင်း၊ ခွေးလိုလည်း မဟုတ်သလို ကိုင်တွယ်ကြည့်တဲ့အခါမှာလည်း တောရိုင်းတစ်ကောင်လို ရန်လိုတဲ့အပြုအမူ မတွေ့ရကြောင်း  ပြောပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/eb/ebfb6a467e28212e5173f8196305bebe29f5fc24.jpg

မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို သိရှိရဖို့ သုတေသီများက စမ်းသပ်မှုများ  ပြုလုပ်ခဲ့ပါတယ်။ တောင်အမေရိက မျိုးနွယ်ဝင် မြေခွေးတစ်ကောင်နဲ့ အမျိုးအမည်မသိ ခွေးတစ်ကောင်တို့ မျိုးစပ်ထားတာ ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်ကို Animals ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။ ဒါဟာ အဆိုပါ မျိုးနွယ်နှစ်ခုကြား ပထမဆုံးမျိုးစပ်ပေါက်ဖွားခြင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒေါ့ဇင်မ်လို့ အမျိုးအမည်ပေးထားတဲ့ သတ္တဝါဟာ ယခုနှစ်အစောပိုင်းကပဲ မဖော်ပြထားတဲ့ အကြောင်းအရင်းများကြောင့် အသက်ဆုံးပါးသွားပါပြီ။

https://s9.kh1.co/__image/w=650,h=342,q=100/0b/0bfca79e218fa45b18e4625021163c7df499deb8.jpg

သဘာဝကြောင့်ပဲဖြစ်ဖြစ် လူသားတွေလုပ်ရပ်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုမျိုး မျိုးစပ်ပေါက်ဖွားခြင်းတွေဟာ တိရိစ္ဆာန်မျိုးစိတ်တွေမှာ ၁၀ ရာခိုင်နှုန်းလောက် ဖြစ်လေ့ရှိပြီး အထူးသဖြင့် အလွန်နီးစပ်တဲ့ မျိုးစိတ်တွေကြား ဖြစ်တတ်ပါတယ်။  လူသားတွေ ပြုလုပ်ထားတဲ့ မျိုးစပ်တွေထဲမှာ ဥပမာအားဖြင့် မြင်းနဲ့ မြည်းမျိုးစပ်၊ ခြင်္သေ့နဲ့ ကျားမျိုးစပ်တို့ ပါဝင်နေပါတယ်။  ဒီလိုမျိုးစပ်သတ္တဝါတွေမှာ မျိုးစိတ်နှစ်ခုကြား ရောဂါကူးစက်ပျံ့ပွားခြင်း ဖြစ်နိုင်တာကြောင့် တောရိုင်းအကောင်ရေပမာဏ ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတာကိုလည်း သတိပြုရမှာပါ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T