အီဂျစ်လို့ဆိုလိုက်တာနဲ့ ပဟေဠိဆန်တဲ့ ပိရမစ်တွေကို အရင်ဆုံး ပြေးမြင်မိမှာပါ။ သမိုင်းအစဉ်အလာ ကြီးမားတဲ့ အီဂျစ်မှာ ပိရမစ်တွေအပြင် ထူးခြားအံ့သြစရာတွေ ပြည့်နှက်လို့ နေပါတယ်။ နိုင်းမြစ်ကြောရဲ့ တစ်နေရာမှာ ကြီးမားတဲ့ ရုပ်တုကြီးဟာ 1813 မတိုင်ခင်ထိ လူမသိ သူမသိ ပျောက်ကွယ်နေခဲ့ပါတယ်။ ၎င်းနေရာကို ဆွစ်ဇာလန်မှ ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ရှာဖွေသူ Johann က တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

66 ပေ (20 မီတာ) ရှည်လျားတဲ့ Ramses ရဲ့ ရုပ်ပွားတော်တွေကို ပင်မ ဘုရားကျောင်းဝင်ပေါက် တစ်ဖက်တစ်ချက်၊ ချောက်ကမ်းပါးမျက်နှာစာ ဆန့်ကျင်ဘက်မှာ ထွင်းထုထားတာပါ။ ရုပ်တု ခြေတော်ရင်းမှာ Ramses သားတော်၊ သမီးတော်၊ မယ်တော်ကို ကိုယ်စားပြုတဲ့ အရုပ်လေးတွေကို မြင်တွေ့ရမှာ ပဲဖြစ်ပါတယ်။

နေနတ်ဘုရား Amon-Re နှင့် Re-Horakhte အား ရည်စူးထားတဲ့ ဘုရားကျောင်းက ချောက်ကမ်းပါးထဲသို့ 185 ပေ (56 မီတာ) ရှည်လျားသော ခန်းမဆောင်သုံးခု ပါဝင်ပြီး ဘုရင် Osiride ရုပ်ပွားတော်များနှင့် အလှဆင် ပြုလုပ်ထားပါတယ်။ နည်းပညာအားဖြင့် ယနေ့ခေတ်လို မတိုးတက်သေးတဲ့ ကာလမျိုးမှာတောင် ယနေ့ခေတ်လူသားများ သြချရတဲ့ ဗိသုကာလက်ရာတွေပါ။

20 ရာစုမှာ အနီးအနားက ရေလှောင်ကန်ကြောင့် ဘုရားကျောင်း နစ်မြုတ်သွားနိုင်တဲ့ အခြေနေတစ်ရပ်ကို အစိုးရမှ သိရှိခဲ့ပြီး ပရောဂျက်တစ်ခုကို အရေးပေါ်ဆောင်ရွက်ခဲ့ရပါတယ်။ ၎င်းပရောဂျက်အတွက် နိုင်ငံပေါင်း 50 မှရန်ပုံငွေ အထောက်အပံ့အပြင် နိုင်ငံတစ်ကာမှ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များက အစွမ်းကုန် အားထုတ်ပြီး ရေလွှမ်းခြင်း အန္တရာယ်မှ ကင်းဝေးအောင် ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပြောပြရင် ယုံကြည်နိုင်ဖို့ခက်တဲ့ ပြောင်းရွှေ့လုပ်ဆောင်ခြင်းကို ခက်ခက်ခဲခဲ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ကြတာပါ။ ရေတက်နိုင်မယ့်နေရာထက် ပိုမြင့်တဲ့ ကုန်းမြင့်ပေပေါင်း သောင်းကျော်ထိ အဆိုပါ ဘုရားကျောင်း တစ်ခုလုံးကို ပြောင်းနိုင်ခဲ့တာပါ။ မဖြစ်နိုင်ဘူးလို့ သင်ထင်နိုင်ပေမယ့် ဒီအမှန်တရားက တစ်ကယ်ကို လုပ်ဆောင်ခဲ့ပြီးပါပြီ။

သတင်း အရင်းအမြစ်៖ www.atlasobscura.com