မိကျောင်းကဲ့သို့ ပါးစပ်ရှိသော "ငါး"

//s9.kh1.co/9b/9bcabde39ce69a6d8b2fbc7db11d459c82ea9909.jpg
MPT

 ၂၈-နို-၂၀၂၃ ၈am · လွန်ခဲ့သော ၈ လ က

မိကျောင်းတစ်ပိုင်း ငါးတစ်ပိုင်း

မြောက်အမေရိကမှာ နေထိုင်တဲ့ ငါးတစ်မျိုးဖြစ်ပြီး ၎င်းတို့ Gar မျိုးစိတ်ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ပြောင်လက် တောက်ပတဲ့ အကြေးခွံရှိပြီး အရှည် 10 ပေထိ ကြီးထွားနိုင်ကာ အလေးချိန်အားဖြင့် ပေါင် 350 ထိဖွံ့ဖြိုးနိုင်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း 157 သန်းကနေ စတင်ပေါ်ပေါက်ခဲ့သော မျိုးစိတ်ဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားမှာ နေထိုင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ မြောက်အမေရိက မှာသာ ကျက်စားကြပါတော့တယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/c1/c1393264d6a9dd44f742a6112bf5d067e696cadf.jpg

အဓိကအစားအစာမှာ ငါးများဖြစ်သော်လည်း ကဏန်းပြာ၊ လိပ်ငယ်များ၊ ရေငှက် သို့မဟုတ် အခြားငှက်များနှင့် နို့တိုက်သတ္တဝါငယ်လေး တွေကိုလဲ စားသောက်ကြပါတယ်။ လူတွေကို တိုက်ခိုက်ခြင်း မပြုပေမယ့် အဆိုပါငါးတွေရဲ့ ဉကို စားမိမယ်ဆိုရင်တော့ အဆိပ်သင့်နိုင်တာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=465,q=100/4f/4f96532055d5bcae6875be20ec055c899aab4926.jpg

Alligator gars  ငါးတွေက တံငါသည်တွေရဲ့ ပိုက်ကွန်ကို  ဖျက်စီးကြတယ်ဆိုတဲ့ သတင်းပျံ့နှံ့လာပြီး အဆိုပါ ငါးတွေကို သုတ်သင်ဖို့ အကြံပြုခဲ့ကြပါသေးတယ်။ တံငါသည်များနဲ့ သဘာဝ ထိန်းသိမ်း စောင့် ရှောက် သူတို့ကြား အချေအတင်ဖြစ်ခဲ့ပြီး alligator gars   ငါးတွေက လူသားတွေ ရဲ့ ပိုင်ဆိုင်မှုကို ဖျက်စီးခြင်းမပြုတဲ့ အပြင် အခြားရေသတ္တဝါတွေကိုလဲ မထိခိုက်စေကြောင်းကို ပညာရှင်တွေက သက်သေပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/d3/d3a722e4116fe55e9b4a1f8bccd651ef700b15b6.jpg

အဆိုပါဖြစ်စဉ် ဖြစ်ပြီးနောက်မှာ alligator gars တွေကို မိကျောင်းကာကွယ်ရေး ဉပဒေနဲ့ အပြည့်အဝ ကာကွယ်စောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ မိကျောင်းလို့ ယတိပြတ်ခေါ််ဆို ဖို့ရန်အတွက် တူညီသည်မှာ ပါးစပ်တစ်ခုသာရှိပြီး ခန္ဓာကိုယ်နှင့် အကြေးခွံများက ငါးပုံစံ ပေါ််လွင်နေပါသေးတယ်။ထို့ကြောင့် ၎င်းကို မိကျောင်းတစ်ပိုင်း ငါးတစ်ပိုင်းအဖြစ်သာ သတ်မှတ်ခေါ််ဆို ကြတာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်www.nationalgeograph

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T