BlackPink အဖွဲ့ဝင်တွေဟာ အင်္ဂလန်ဘုရင် King Charles III ကနေ ဘက်ကင်ဟမ်နန်းတော်မှာကျင်းပတဲ့ ကိုးရီးယားနိုင်ငံတော်ဧည့်ခံပွဲကိုတက်ရောက်ခဲ့ကြပါတယ်။ တော်ဝင်မိသားစုတွေဟာ နန်းတော်ကိုအလည်လာတဲ့ တောင်ကိုးရီးယားသမ္မတနှင့် သမ္မတကတော်တို့အတွက် ဒီဂုဏ်ပြုပွဲကိုကျင်းပပေးခဲ့တာပါ။
ဒီပွဲကို တောင်ကိုးရီးယားရဲ့နာမည်ကြီးအဖွဲ့ဖြစ်တဲ့ BlackPink အဖွဲ့ဝင်တွေလည်းတက်ရောက်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ ကျက်သရေရှိတဲ့ Dress တွေကိုယ်စီနှင့်ညစာစားပွဲကိုတက်ရောက်လာခဲ့ကြတာပါ။ King Charles III ဟာ သူ့ရဲ့မိန့်ခွန်းထဲမှာလည်း အဖွဲ့ဝင်တွေတစ်ယောက်ချင်းစီကိုနာမည်တပ်ပြီးချီးကျုးဂုဏ်ပြုခဲ့ပါတယ်။
BlackPink အဖွဲ့ဝင်တွေကတော့ အင်္ဂလန်ဘုရင်ကသူတို့နာမည်တွေကိုထုတ်ပြောလိုက်တဲ့အချိန် မယုံနိုင်တဲ့မျက်နှာထားလေးတွေနှင့်အများကြီးအံ့သြနေခဲ့ကြပါတယ်။ BlackPink အဖွဲ့ဟာ ချားလ်ဘုရင်ကိုယ်တိုင်နှုတ်ကနေထုတ်ပြောရတဲ့အထိ အောင်မြင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။