ကြက်တူရွေးတွေဆိုတာ အရောင်အသွေးစုံလင်စွာ ချစ်စရာကောင်းတဲ့ သက်ရှိများဖြစ်ကြပြီး သူတို့ဟာ ပျော်ပျော်ရွှင်ရွှင်နေထိုင်တက်ကြပါတယ်။ကမ္ဘာပေါ်မှာ ကြက်တူရွေးမျိုးကွဲပေါင်း ၄၀၀ကျော်ရှိပြီး မျိုးရင်းတစ်ချို့တစ်ဝက်သာ လူတွေနဲ့အတူနေထိုင်ကြပြီး လူစကားပြောကြတာဖြစ်ပါတယ်။

တကယ်တော့သူတို့ဟာ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်မပြတ်အောင် အသံလိုက်တုတတ်ကြပါတယ်။လူအသံတွေအပြင် အခြားတိရိစ္ဆာန် အသံများကိုလည်းတုပနိုင်ကြပါတယ်။ ဥပမာ-သော့ယူပေးလို့ပြောရတာ ကြားရဖန်များလာတယ်ဆိုရင် သော့ ဆိုတဲ့စကားလုံးကိုမှတ်ထားပြီး တကယ့်အရာဝတ္ထုနဲ့ တွဲဖက်မှတ်ထားတက်ကြပါတယ်။

သူတို့အချင်းချင်း ဆက်သွယ်တဲ့အခါကျရင် သီးသန့်အသံနဲ့သာ ဆက်သွယ်ကြပါတယ်။အဓိကကတော့ တကယ် သဘာဝထဲမှာနေတဲ့ ကောင်တွေအချင်းချင်း အသုံးပြုတာများကြပါတယ်။အန္တရာယ်ရှိကြောင်း သတိပေးတဲ့အခါတွေကျရင် အချင်းချင်းသတိပေးချင်တဲ့အချိန်ကျရင်အသုံးပြုတက်ကြပါတယ်။လူတွေက ဖမ်းမိတဲ့အခါ စကားတွေသင်ပေးပြီး တောထဲပြန်လွှတ်လိုက်ရင် တောထဲက သူ့သူငယ်ချင်းတွေလည်း သူတတ်တဲ့စကားတွေ တတ်ကုန်တက်ကြပါတယ်။
ဒါပေမယ့် ထူးခြားတာက သူတို့မှာလူတွေလို အသံအိုး (Vocal Cords) မရှိပါဘူး။ လေအဝင်အထွက်ကို လည်ပင်းကကြွက်သားတွေ ကျဉ်းလိုက်၊ ကျုံ့လိုက်လုပ်ရင်း ထိန်းချုပ်တာပါ။ ဒါကြောင့် အသံတုမှာ ကျွမ်းကျင်ကြတာဖြစ်ပါတယ်။




