G Dragon ဟာ လိင်ဖျော်ဖြေရေးကလပ်တစ်ခုရဲ့မန်နေဂျာရဲ့ထွက်ဆိုမှုကြောင့် ရဲတွေဖက်ကနေပြီးမူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းခံခဲ့ရတာပါ။ G Dragon ကိုယ်တိုင်ရဲစခန်းမှာသွားရောက်အစစ်ဆေးခံခဲ့ပြီး အဖြေကလည်းသုံးစွဲထားခြင်းမရှိဆိုတာပဲထွက်လာခဲ့ပါတယ်။

ပိုတိကျတဲ့ ဆံပင်နှင့်လက်သည်းတွေစစ်ဆေးချက်ကလည်း Negative ပဲထွက်လာတာကြောင့် G Dragon ဟာမူးယစ်ဆေးသုံးစွဲထားတယ်ဆိုတဲ့စွပ်စွဲချက်ကိုလုံးဝချေပလိုက်နိုင်တာဖြစ်ပါတယ်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး နဂိုက G Dragon ကိုအမျိုးမျိုးစွပ်စွဲခဲ့တဲ့ မီဒီယာတွေနှင့်ရဲတွေဟာအပြန်အလှန်အပြစ်တင်နေကြပြီဖြစ်ပါတယ်။

G Dragon အနေနှင့် နာမည်ရှင်းလင်းသွားပြီဖြစ်တာကြောင့် ရဲတွေရဲ့စွပ်စွဲမှုနှင့် မမှန်ကန်တဲ့သတင်းထုတ်လွှင့်ခဲ့သူတွေကို အစောပိုင်းကပြောထားတဲ့အတိုင်းတရားစွဲမလားဆိုတာတော့မသိရသေးပါဘူး။ တောင်ကိုးရီးယားက လူအများစုကတော့ ရဲတွေနှင့်မီဒီယာတွေကို ဆိုးဆိုးဝါးဝါးအပြစ်တင်နေကြပါတယ်။
