ဖခင်နှစ်ယောက်ကမွေးတဲ့ ကြွက်

//s9.kh1.co/18/1815980f72088c175da1d88519a5dcb36791748d.jpg
MPT

 ၂၁-နို-၂၀၂၃ ၁၀am · လွန်ခဲ့သော ၈ လ က

ဖခင်နှစ်ယောက်ကမွေးတဲ့ကြွက်

 ဖခင်နှစ်ဦးကနေပေါင်းစပ်ပြီး မွေးလာတဲ့ကြွက်ပေါက်လေးကို သိပ္ပံပညာရှင်များက ဓါတ်ခွဲခန်းမှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/94/94403541d7a0623651ce02624fbd8d2ffe231535.jpg

ဒီဖြစ်စဉ်မှာ ဖခင်တစ်ယောက်ရဲ့ဆဲလ်ကနေ မျိုးဥတွေအဖြစ် ပြောင်းလဲဖန်တီးပြီး အခြားဖခင်တစ်ယောက်ရဲ့ သုက်ပိုးနဲ့ပေါင်းစပ်ပေးခြင်းအားဖြင့် ကြွက်သားပေါက်ကလေးတွေ အောင်မြင်စွာဖန်တီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။  ဒီဖြစ်စဥ်ကို တော်လှန်ပြောင်းလဲမှုဖြစ်စဉ် (revolutionary)လို့ခေါ်ဆိုကြပါတယ်။အခု သုတေသနဟာ လက်ရှိအချိန်မှာတော့ proof of concept ခေါ်တဲ့ သီအိုရီအယူအဆကို သက်သေပြတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ လက်ရှိအချိန်မှာ လူသားတွေအတွက် အသုံးပြုနိုင်ဖို့ကတော့ အဝေးကြီး လိုသေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/40/40bd7bd2cbcfb69e8f43df89afe6b8ad1b03becf.jpg

 လူအများ လက်ခံနိုင်မှု အခက်အခဲ ရှိနိုင်တာနဲ့ ကိုယ်ကျင့်တရား ဆိုင်ရာစဉ်းစားရမယ် အချက် (ethical consideration) အစရှိတာတွေလဲ ပါဝင်ပါတယ်။  ဒါပေမယ့် တဖက်ကလဲ အခုသုတေသန အောင်မြင်မှုဟာ မျိုးဆက်ပွားခြင်း ဆိုင်ရာနဲ့ ပါတ်သက်ပြီး အခွင်းအလမ်း ကောင်း အများအပြားပေါ်ပေါက်လာစေနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျား-ကျား ခြင်း ချစ်ခင်ကြသူအမျိုးသားစုံတွဲများအတွက် မမျိုးဥမလိုအပ်ပဲ ကလေးရနိုင်ဖို့ အခွင့်အလမ်းရလာနိုင်စေမှာ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T