ခြေချောင်း ၁၃၀၆ ချောင်းပါတဲ့ ကင်း‌ခြေများ

//s9.kh1.co/36/366acd22dab657e8e85cc8723256622b98e29157.jpg
MPT

 ២១-វិច្ឆិកា-២០២៣ ៩ព្រឹក · ៣ ឆ្នាំមុន

ခြေချောင်း၁၃၀၆ချောင်းပါတဲ့ကင်း‌ခြေများ

ကင်းခြေများကို အဂ်လိပ်လိုmillipede (မီလီပိဒ်)လိုခေါ်ပြီး  ခြေချောင်းတစ်ထောင်လို့ခေါ်ပါတယ်။ပုံမှန်ကင်ခြေများတစ်ကောင်မှာ ခြေချောင်း‌ပေါင်း၇ရာဝန်းကျင်သာ ရှိကြပါတယ်။အခုတွေ့ရှိတဲ့ကင်းခြေများက ခြေချောင်းပေါင်း၁၃၀၆ချောင်းတိတိရှိပြီး Eumillipes persephoneလို့ ပညာရှင်များက အမည်ပေးထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c9/c9bfef120f9ee1fdda7f6e43d8285f2e713f5d01.jpg

အခုတွေရှိတဲ့ ကင်းခြေများမျိုးစိတ်ကို ဩစတြေးလျတိုက် အနောက်ပိုင်းက မီတာ ၆၀ (ပေ ၁၉၇ ပေ) အနက်မှာ ရှိတဲ့ မိုင်းတွင်း တတွင်းထဲမှာ မိုင်းတူးရင်း ၄ကောင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒီ ကင်းခြေများမှာ စုစုပေါင်း ကိုယ်ခန္ဓာအဆက်ပေါင်း ၃၃၀ အထိရှိတာကို တွေ့ရှိရပါတယ်။ အကျယ်က ၀.၀၄ လက်မအထိ ရှိပြီး အရှည်ကတော့ ၃.၇၇ လက်မအထိ ရှိပါတယ်။ ဦးခေါင်းက ကတော့ပုံရှိပြီး ခေါင်းမှာအာရုံခံအမျှင်(အန်တေနာ) နဲ့ ပါးစပ်ပေါက် ပါပါတယ်။ ဒါပေမယ့် မျက်လုံးတော့ပါဝင်ခြင်း မရှိပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/fd/fda8479edb82040e1ad735b7a219fd095d581741.jpg

ကင်းခြေများတွေဟာ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်ရှူတဲ့သတ္တဝါ တွေထဲမှာ အစောဆုံး ပေါ်ပေါက်ခဲ့တဲ့ သတ္တဝါ တွေထဲ အပါအဝင် ဖြစ်ပါတယ်။ မျိုးတုန်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်တဲ့ ကင်းခြေများတွေဆို အလျားပေ နှစ်မီတာလောက်အထိ ရှည်ခဲ့ကြပါတယ်။ ပြီးတော့ ကင်းခြေများတွေဟာ ဒီကမ္ဘာပေါ်မှာ နေထိုင်လာခဲ့ကြတာ နှစ် သန်း ၄၀၀ တောင်ကျော်ခဲ့ပါပြီ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T