ကြောင်မျက်လုံးတွေ ဘာလို့ညဘက်မှာ လင်းနေရတာလဲ

//s9.kh1.co/57/575f4892fbca3cc8a184fba3e430e2bcb795b85a.jpg
MPT

 ၂၁-နို-၂၀၂၃ ၉am · လွန်ခဲ့သော ၈ လ က

ကြောင်မျက်လုံးတွေဘာလို့ညဘက်မှာလင်းနေရတာလဲ?

ညဖက်တွေမှာ ကြောင်ရဲ့မျက်လုံးတွေ လင်းနေကြတာကိုမြင်ဖူးကြမှာပါ။ဘာလို့လဲဆိုရင် ကြောင်အပါအဝင် ညဘက်မှာကျက်စားတက်တဲ့သတ္တဝါမျိုးတွေရဲ့ မျက်လုံးမှာTapetum lucidumလို့ခေါ်တဲ့ အစိတ်အပိုင်းပါဝင်နေလို့ဘဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/96/9600837c96cf39de5c8e1b6bacbd1e1c1a11c47d.jpg

Tapetum lucidum ဆိုတာ အလင်းပြန်တတ်တဲ့ အလွှာလေးတခုဖြစ်ပြီး မြင်လွှာ retina ရဲ့အနောက်မှာတည်ရှိပါတယ်။သူရဲ့ အလင်းပြန်တတ်တဲ့ ဂုဏ်သတ္တိနဲ့ ညဖက်မှာ မြင်လွှာပေါ်ကို အလင်းတွေပိုရောက်အောင် လုပ်ပေးပြီး အမှောင်ထဲမှာ ပိုမြင်ရအောင် ကူညီပေးပါတယ်။ Tapetum lucidum က အရောင်ပြန်ဟပ်စေတတ်တဲ့ သဘာဝရှိလို့ ကြည့်တဲ့ရူထောင့်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တကောင်နဲ့တကောင် မျက်လုံးအရောင်ထွက်ပုံခြင်းမတူပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/8d/8db124b2e257b33a2d112170a2669fbe2c07e71f.jpg

ကြောင်များရဲ့ မျက်လုံးကိုတုပပြီး ပြုလုပ်ထားတဲ့ပစ္စည်းတစ်မျိုးရှိပါတယ်။အဲ့တာကတော့ ညဖက် ကားမောင်းတဲ့အခါ ကားလမ်းမတွေပေါ်မှာ မြင်ရတတ်တဲ့ အလင်းပြန်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။  သူ့ကိုလဲ “Cat eyes” လို့ပဲခေါ်ပြီး ကားမီးထိုးသောအလင်းကို reflect ပြန်လုပ်၍ ညဖက်ကားလမ်းများကို ထင်ရှားစွာတွေ့မြင်ရစေပါတယ်။Cat eyes device များက အားသွင်းစရာလဲမလို ၊ လျှပ်စစ်စွမ်းအင်လဲမလိုဘဲ လာသောအလင်းကို reflect လုပ်ပေးတဲ့အတွက် အလွန်အသုံးဝင်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T