(၁) Moon Bin
မွန်ဘင်းရဲ့ရုတ်တရက်သေဆုံးမှုဟာ ကေပေါ့လောကတစ်ခုလုံးကိုအကြီးအကျယ်ကိုင်လှုပ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။ သေဆုံးချိန်မှာအသက် ၂၅ နှစ်ပဲရှိသေးတဲ့ မွန်ဘင်းဟာ တစ်ခြားကေပေါ့အဖွဲ့တွေနှင့်လည်း အများကြီးရင်းနှီးပြီး လူချစ်လူခင်ပေါများတဲ့သူဖြစ်ပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကတော့ ကျန်းမာရေးကြောင့်ဖြစ်ပြီး အတိအကျကိုတော့ မိသားစုဝင်တွေရဲ့ဆန္ဒအရထုတ်ပြန်ထားခြင်းမရှိပါဘူး။
(၂) Jonghyun
ကျော်ကြားတဲ့အဖွဲ့ တစ်ခုဖြစ်တဲ့ Shinee ရဲ့အဓိကအဆိုရှင်အဖွဲ့ဝင် Jonghyun ဟာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားခဲ့ရသူဖြစ်ပါတယ်။ Jonghyun ဟာ ဆိုးလ်မြို့ကသူ့ရဲ့နေအိမ်မှာ ဓာတ်ငွေ့တွေရှူမိပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရဲတွေဖက်ကစစ်ဆေးချက်အရ သတ်သေတာဖြစ်တယ်လို့သိရပါတယ်။
(၃) Sulli
၂၀၁၉ ခုနှစ်ဟာ ကေပေါ့ကြိုက်သူတွေအတွက် တစ်ကယ်ကိုဝမ်းနည်းစရာနှစ်ဖြစ်ပါတယ်။ f(x) အဖွဲ့ဝင်ဖြစ်ပြီးသရုပ်ဆောင်အဖြစ်ပါအောင်မြင်နေတဲ့ Sulli ဟာသူ့ကိုယ်သူ ကြိုးဆွဲချပြီးအဆုံးစီရင်ခဲ့ပါတယ်။ ဆောလီဟာ သူ့ရဲ့ပွင့်လင်းတဲ့နေထိုင်မှုကြောင့် ဝေဖန်ပြစ်တင်မှုနှင့် အမုန်းစကားတွေအများကြီးခံခဲ့ရသူပါ။ သေဆုံးချိန်မှာ 25 နှစ်ပဲရှိသေးတာဖြစ်ပါတယ်။
(၄) Goo Hara
Sulli သေဆုံးပြီးမကြာခင်မှာပဲ Goo Hara ဟာလည်းကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူရဲ့ အကြမ်းဖက်မှုတွေကြောင့် တရားရင်ဆိုင်ရင်း ဝေဖန်မှုတွေခါးစည်းခံခဲ့ရတဲ့ Goo Hara ဟာနောက်ဆုံးမှာတော့ သတ်သေသွားဖို့ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။