နှစ်ပေါင်း 44 သန်းကျော် သက်တမ်းရှိ ဌက်မျိုးစိတ်

//s9.kh1.co/5a/5a2d562e9ee1c935aa167c005348ac51287d7fa2.jpg
MPT

 ၂၀-နို-၂၀၂၃ ၉am · လွန်ခဲ့သော ၈ လ က

အာဖရိက လူမျိုးများ၏ ဘိုးဘေးနတ်

အနောက်အာဖရိကနဲ့ အထက်ဂီနီ သစ်တောတွေမှာ နေထိုင်တဲ့ ဌက်မျိုးစိတ်ဖြစ်ပါတယ်။ ရွံ့တွေကြားမှာ အသိုက်ဆောက်ပြီး ဂူနံရံရဲ့ ‌အောက်ခြေမှာ ချိတ်ဆွဲထားကာ အစုလိုက်အပြုံလိုက် အုပ်စုဖွဲ့ နေထိုင်ကြပါတယ်။ ရော့ခ်ဌက်လို့ အမည်ပေးထားပြီး ၎င်းတို့ အမြီးမှာ ရှည်လျားကာ ဉီးခေါင်းမှာလဲ အဝါ၊ အနီ၊ အပြာ အစရှိသဖြင့် အရောင်များရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/e0/e03f99d306d4ee0c335d0ecba667892cea4a008f.jpg

ဒေသခံတွေက အဆိုပါဌက်ကို ၎င်းတို့ဘိုးဘေးနတ် တွေလို့ ယုံကြည်ကြပြီး မျိုးဆက်ပေါင်းများစွာထိ ကာကွယ်စောင့်ရှောက် လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုပါဌက်တွေက လွန်ခဲ့တဲ့ နှစ်44 သန်းလောက်ထဲကနေ ဆင့်ကဲ ပြောင်းလဲရှင်သန်လာတဲ့ သက်တမ်းရင့် မျိုးစိတ်တွေပါ။ ဒါကြောင့်လဲ ဒေသခံတွေရဲ့ ယုံကြည်ဖွယ်ရာအဖြစ် ရှိနေခြင်းက သိပ်မဆန်းပြားလှပါဘူး။ 

https://s9.kh1.co/__image/w=650,h=433,q=100/7b/7b650d1205691469105476ca87c6c20ff595ef77.jpg

အင်းဆက်များ၊ ကုန်းနေရေနေ သတ္တဝါများနှင့် တွားသွားသတ္တဝါငယ် လေးတွေကို စားသောက်ကြပြီး တစ်နှစ်မှာ နှစ်ကြိမ် ၎င်းတို့ရဲ့ မျိုးပွားခြင်းကို လုပ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/1d/1daca50c760f609059034d25883502b486842d5b.jpg

သတင်း အရင်းအမြစ်critter.science

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T