Korea Idol ပြိုင်ပွဲမှာ Rank 1 ရခဲ့တဲ့ မြန်မာမလေး နန်းဧကရီရွှေ

//s9.kh1.co/0c/0cdac3909670c58487a62b27066255cbc84667a1.jpg
MPT Korea Celebrity

 ၂၀-နို-၂၀၂၃ ၉am · လွန်ခဲ့သော ၈ လ က

Korea Idol ပြိုင်ပွဲမှာ Rank 1 ရခဲ့တဲ့ မြန်မာမလေး နန်းဧကရီရွှေ

မြန်မာနာမည် နန်းဧကရီရွှေ လို့ခေါ်တဲ့ Riel ဟာအခုလက်ရှိမှာ SBS ရဲ့အိုင်ဒေါပြိုင်ပွဲတစ်ခုဖြစ်တဲ့ Universe Ticket မှာပါဝင်ယှဥ်ပြိုင်နေတာဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံက မိန်းကလေးတွေအိုင်ဒေါအဖြစ်ပွဲဦးထွက်နိုင်ဖို့ ယှဥ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲဟာ ပရိတ်သတ်တွေရဲ့မဲပေးမှုကိုအဓိကအခြေခံပြီးကျင်းပနေတာပါ။

https://s9.kh1.co/__image/w=564,h=846,q=100/4e/4e5824122ab796bf9cc2ca0873a746a8e1462b2e.jpg

Riel ဟာ၂၀၁၈ ကတည်းက ကိုးရီးယားကိုကျောင်းတက်ဖို့သွားခဲ့ပြီး အိုင်ဒေါဖြစ်ဖို့အိမ်မက်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနှင့် ရုပ်ရည်ပိုင်းမှာအဆင်ပြေတာကြောင့် နာမည်ကြီးကုမ္မဏီတွေရဲ့ Casting လုပ်ခြင်းကိုခံခဲ့ရပေမဲ့ အသက်အရွယ်ကြောင့် သင်တန်းသားအဖြစ်မလုပ်ခဲ့ရပါဘူး။

https://s9.kh1.co/__image/w=564,h=705,q=100/23/23c903a681758dc7fe0092fceb74d2e8e7bcc657.jpg
https://s9.kh1.co/__image/w=563,h=699,q=100/a8/a86bbc3f330bc9d406f0ede169b0bced3bd8cdf5.jpg

Riel ဟာ ပထမဆုံးစလွှင့်တဲ့ အပိုင်းမှာတော့ ပရိတ်သတ်တွေရဲ့ ခွန်အားနှင့် Pre Voting Rank 1 ကိုရသွားခဲ့ပါတယ်။ ဒါဟာ Pre ဖြစ်တာကြောင့် ကျန်တဲ့ Round တွေကိုသေချာ Vote ပေးမှသာ Riel အနေနှင့်နောက်တစ်ဆင့်ကိုတက်နိုင်မှာပါ။ ပထမအပိုင်းမှာတင် Riel ရဲ့ဖျော်ဖြေမှုကိုထုတ်လွှင့်ပြသခြင်းမရှိသလို Screentime လည်းမရတာကြောင့် ပရိတ်သတ်တွေကတော့ SBS ရဲ့ခွဲခြားဆက်ဆံမှုတွေကိုဝေဖန်နေကြပါတယ်။

https://s9.kh1.co/__image/w=564,h=724,q=100/1a/1a890947b1e4189e191c5ab0a3d40a1039a9839b.jpg
https://s9.kh1.co/__image/w=564,h=694,q=100/4b/4b3f107233cfc3da71c503c7867ea14d5fe17e5b.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T