$6000 တန်ကြေးရှိတဲ့ ကြက်မဲ

//s9.kh1.co/10/103e2094d7bdef5c518e7d5962f8c647d2692f3a.jpg
MPT

 ၂၀-နို-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

အရိုးထိမဲတဲ့ ကြက်မဲကို သင်မြင်တွေ့ဖူးပါသလား ?

အင်ဒိုနီးရှား ဇာတိဖြစ်တဲ့ ကြက်မဲတွေက ကြက်မျိုးစိတ်အားလုံးထဲမှာ melanin ဓာတ်များစွာ ပါဝင်နေပါတယ်။ အင်ဒိုနီးရှားလို che-MA-ni လို့ခေါ်ဆိုပြီး “ဂျင်နက်” လို့ အဓိပ္ပါယ်ရပါတယ်။ ကြက်ဉတစ်လုံးကို ‌ဆယ့်ခြောက် ဒေါ်လာအထိ စျေးရရှိပြီး ကြက်အကောင်လိုက်ဆိုရင်တော့ ဒေါ်လာ ခြောက်ထောင်ထိကို ပေါက်စျေးရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/4e/4ebbf93936ff126236c7b75f1a78ddf086a90f35.jpg

ကြက်မဲလို့ခေါ်ဆိုရတာက အကြောင်းအရင်းရှိပါတယ် အထူးခြားဆုံးအရာမှာ ၎င်း၏ အမွေးများ၊ အရေပြား၊ ကြွက်သားများ၊ အတွင်းအင်္ဂါများ အပါအဝင် အရိုးတွေထိတောင် မဲနက်နေတဲ့ အ‌‌ရောင်ရှိလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ကြက်မျိုးစိတ်ကို 1920  ဂျာဗားကျွန်းမှာ နေထိုင်တဲ့ ဒတ်ချ်ကိုလိုနီ တစ်ဉီးက စတင်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/49/490dabbf6cdd1309c6204f597bf20487d019f7ea.jpg

ကြက်မဲတွေ စျေးနှုန်းမြင့်တက်ရခြင်းရဲ့ အဓိကအကြောင်း အရင်းကတော့ အယူသီးတဲ့ ဂျာဗားမြို့ခံတွေကြောင့် ဖြစ်ပါတယ်။ ကြက်မဲတွေက မှော်ဆန်တဲ့ ဂုဏ်သတ္တိများရှိပြီး နှလုံးနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာတွေကို ကုသနိုင်တယ်လို့ ယုံကြည်ကြတာပါ။ ထုံးတမ်းစဉ်လာ ပွဲတွေမှာ အထူးအသုံးပြုကြပြီး အမေရိကန်နဲ့  ဉရောပလိုနိုင်ငံမျိုးတွေမှာတော့ Ayam Cemani ကြက်မဲကို တန်ဆာဆင်ထားတဲ့ ကြက်တစ်ကောင် အဖြစ်သာ သတ်မှတ်ထားကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/ca/cacc47752118b92d60bbaf292a386975e0a4bc3a.jpg

သတင်း အရင်းအမြစ် www.heritageacresmar

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T