G Dragon ဟာကလပ်တစ်ခုရဲ့မန်နေဂျာဆိုသူရဲ့ပြောကြားချက်အရ မူးယစ်ဆေးသုံးစွဲတယ်ဆိုပြီးစွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ စတင်စွပ်စွဲခံရပြီး သိပ်မကြာခင်မှာပဲ GD ဖက်ကနေရှေ့နေငှားပြီး စွပ်စွဲချက်မမှန်ကန်ကြောင်းစာထုတ်ပြန်လာခဲ့တာပါ။

ဒါ့အပြင် ကိုယ်တိုင်ရဲစခန်းကိုသွားပြီးအစစ်ခံခဲ့တဲ့ GD ဟာပဏာမ စစ်ဆေးမှုမှာလည်း Negative အဖြေထွက်လာခဲ့ပါတယ်။ ပိုတိကျတဲ့အဖြေရအောင် ဆံပင်နှင့်သွေးကိုပါစစ်ဆေးထားပြီး အဖြေရလာဒ်ကိုစောင့်ဆိုင်းနေတာဖြစ်ပါတယ်။

အခုတော့ GD ရဲ့ဆံပင်စစ်ဆေးမှုဟာ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးဆိုပြီး Negative အဖြေထွက်လာခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့စစ်ဆေးမှုကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာသိရမှာပါ။ GD အနေနှင့် Negative ထပ်ထွက်ခဲ့ရင် ရဲတွေရဲ့စွပ်စွဲပြောဆိုမှုတွေဟာ အလကားဖြစ်သွားမှာဖြစ်ပြီး GD ဖက်ကနေတရားပြန်စွဲလို့ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
