ဆင့်ကဲပြောင်းလဲမှုမရှိဘဲ ရှင်သန်လာခဲ့တဲ့ သတ္တဝါ

//s9.kh1.co/c6/c6abc17fe7265ef5870ba78ebb3d9d739354ac58.jpg
MPT

 ១៧-វិច្ឆិកា-២០២៣ ៣ល្ងាច · ៣ ឆ្នាំមុន

သက်ရှိထင်ရှားရှိနေတဲ့ကမ္ဘာ့ရှေးအကျဆုံးသတ္တဝါ

လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမေရိကန်သိပ္ပံပညာရှင်များတွေ ကမ္ဘာပေါ်မှာမျိုးသုန်း‌ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ ယနေ့ထက်တိုင် အသက်ရှင်နေကြသေးတဲ့ သတ္တဝါတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ပညာရှင်များရဲ့အဆိုအရ ထိုသတ္တဝါများက Jelly Fishများနဲ့ဆင်တူကြပြီး ဒိုင်နိုဆောများထက်ပင် ပိုပြီးရှေးကျကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/6b/6bd964dfd21f250ed7d4f6311ecad32dbee07133.jpg

သိပ္ပံအမည်အရ Ctenophore လို့ခေါ်ကြပြီး သူတို့ကို Comb Jelly လို့လည်းခေါ်ကြပါတယ်။ဒီသတ္တဝါများက လွန်ခဲ့တဲ့နှစ်သန်းပေါင်း၇၀၀ခန့်တည်းက ရှိခဲ့ကြတာဖြစ်ပြီး ယခုအချိန်ထိ ဆင့်ကဲပြောင်းလဲမှုမရှိဘဲ ရှင်သန်လာခဲ့သတ္တဝါများဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/fd/fdabad7ef9926f4daf0715b7213f84ab9b471a14.jpg

နှစ်သန်းပေါင်း၇၀၀ဆိုတာ ဒိုင်နိုဆောတွေရှင်သန်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၃၀ထက်ပင် ပိုပြီးရှေးကျပါတယ်။နောက်ပြီး ဒီ ctenophore တွေဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်ပေါက်လာခဲ့တဲ့ တိရစ္ဆာန် တွေနဲ့လဲ အနီးစပ်ဆုံး အမျိုးတော်နေတယ်လို့ ဆိုပါတယ်။  ယခုတိုင် သမုဒ္ဒရာ အနှံ့အပြားနဲ့ ငါးပြတိုက် တွေမှာ တွေ့မြင်နေရဆဲ ဖြစ်နေတာပါပဲ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T