GD နှင့် BigBang တို့ဟာ ကေပေါ့ရဲ့တစ်ခေတ်ဆန်းသစ်တဲ့နေရာမှာ အဓိကကျတဲ့နေရာကနေပါဝင်ခဲ့ကြတာပါ။ သူတို့စတင်လုပ်ခဲ့ပြီး အခုချိန်မှာ ကေပေါ့လောကအတွက် မရှိမဖြစ်ဖြစ်နေပြီဖြစ်တဲ့အရာတွေကို ဖော်ပြသွားပါမယ်။
(၁) Lightstick
အခုချိန်မှာ ကေပေါ့အဖွဲ့တွေတိုင်းမှာ lightstick ဟာမရှိမဖြစ်အရာတစ်ခုဖြစ်လာပါပြီ။ ဒီ lightstick ကိုပထမဆုံးစတင်ဖန်တီးခဲ့တဲ့သူကတော့ GD ဖြစ်ပြီးတော့ ဖျော်ဖြေပွဲတွေမှာ BigBang ရဲ့ပရိတ်သတ်တွေကိုသီးသန့်ကွဲထွက်နေစေချင်တာကြောင့် ဖန်တီးခဲ့တာဖြစ်ပါတယ်။

(၂) Airport Fashion
အရင်တုန်းကအိုင်ဒေါတွေ လေဆိပ်ဆင်းတာနှင့်ပတ်သက်ပြီးဘယ်သူမှ တစ်ခုတ်တရ သတိမထားမိပေမဲ့ GD ရဲ့ထူးခြားတဲ့လေဆိပ်ဖက်ရှင်တွေဟာ အိုင်ဒေါတွေကြားမှာ လေဆိပ်ဖက်ရှင်ကိုအစပြုခဲ့တာဖြစ်ပါတယ်။

(၃) Solo Activities
အဖွဲ့တစ်ခုဟာအဖွဲ့မကွဲသေးဘဲ တစ်ယောက်ချင်းတစ်ကိုယ်တော်လှုပ်ရှားမှုတွေလုပ်တာကလည်းပဲ Big Bang ကနေစတင်ခဲ့တာပါ။ အစောပိုင်းအိုင်ဒေါအဖွဲ့တွေဟာ တစ်ကိုယ်တော်ကို သီးသန့်လုပ်ခွင့်မရှိကြပါဘူး။

(၄) Mini Album Series
အိုင်ဒေါတွေဟာ သီချင်းဆိုရုံတင်မကဘဲတစ်ခြားအလုပ်တွေပါလုပ်ရတာကြောင့် သီချင်းအများကြီးပါတဲ့ Full Album တွေကိုနှစ်တိုင်းမထုတ်နိုင်ကြပါဘူး။ ဒါကြောင့် မီနီအယ်လ်ဘမ်လေးတွေကိုစီးရီးလိုက်ထုတ်ကြလေ့ရှိပြီးတော့ ဒီအလေ့အထကလည်း Big Bang အဖွဲ့ကနေစတင်ပေးခဲ့တာဖြစ်ပါတယ်။

(၅) Brand Ambassador
GD မတိုင်ခင်က ဘယ်အိုင်ဒေါကမှ နိုင်ငံတကာဖက်ရှင်လမ်းကြောင်းတွေပေါ်မှာ ယှဥ်ရပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ GD ဟာအစောပိုင်းကတည်းက ထိပ်တန်းဘရန်းတွေဖြစ်တဲ့ Chanel နှင့် Nike တို့လိုမျိုးဘရန်းတွေနှင့်အတူလက်တွဲပြီးလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
