ဆွဲဆောင်မှုရှိရှိ တောက်တောက်ပြောင်ပြောင် အနက်ရောင် အသီးသီးတဲ့ ပန်းပင် တစ်မျိုးဟာ ထင်မထားလောက်တဲ့ အဆိပ်ကို ဖြစ်ပွားစေပါတယ်။ ခေါင်းလောင်းပုံ ပန်းပွင့်နှင့်တူညီပြီး အဆိုပါ အသီးမှာ ဘယ်ရီသီးလိုမျိုး ဆင်တူပါတယ်။

Deadly nightshade လို့ခေါ်တွင်ပြီး မည်မျှပင် သေးငယ်သော ပမာဏကို စားသုံးမိပါမူ အမြင်မှုန်ဝါးခြင်း၊ အဖုအထစ်များထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မှားခြင်း၊ တက်ခြင်းနှင့် နောက်ဆုံးသေဆုံးခြင်း ထိ ပြင်းထန်တဲ့ အပင် ဖြစ်ပါတယ်။ Atropine နှင့် Scopolamine လိုမျိုး အဆိပ်ဒြပ်ပေါင်းတွေ ပါဝင်နေပြီး ရှေးယခင်က မြားထိပ်မှာ အဆိပ်ကို သုတ်လိမ်း ပစ်ခတ်ကြပါတယ်။

သေမင်းတမန် အဆိပ်လို့ တင်စားကြပြီး စစ်ပွဲပေါင်းများစွာ အတွက် အသုံးချခဲ့တဲ့ လက်နက်ဖြစ်ခဲ့ပါတယ်။ အဆိုပါ အရိုင်းပင်ရဲ့ အသုံးဝင်နိုင်ပုံကို ပညာရှင်တွေက ဆေးဘက်ဆိုင်ရာ နယ်ပယ်မှာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ၎င်း အဆိပ်ပင်အား အကိုက်အခဲပျောက်ဆေး၊ ကြွက်သားများကို ပြေလျော့စေခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းအတွက် ကုသရေးဆိုင်ရာတွေ မှာ တွင်တွင် ကျယ်ကျယ် အသုံးပြုလာခဲ့ ကြပါတယ်။

သတင်း အရင်းအမြစ်៖ www.ambius.com




