လီဂွမ်ဆူဟာ Running Man ရှိုးကနေပြီးအာရှမင်းသားလေးဆိုတဲ့နာမည်ပြောင်နှင် နာမည်ကြီးလာတဲ့သူဖြစ်ပါတယ်။ ရုပ်ရှင်နှင့် ဇာတ်လမ်းအများကြီးရိုက်ကူးထားတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ မကြာသေးခင်က လီဂွမ်ဆူဟာ Running Man ရှိုးမှာရှိတုန်းကခံစားခဲ့ရတာတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

သူ့အနေနှင့် လူတွေရှေ့မှာစကားပြောရတာကိုမကြိုက်ပေမဲ့ သူနှင့်တွေ့တဲ့လူတိုင်းဟာ သူ့ကို Running Man ကလိုမျိုးပဲ ရီစရာကောင်းတဲ့လူတစ်ယောက်အနေနှင့်ပဲမှတ်မိနေကြကြောင်းပြောခဲ့တာပါ။ ဒီလိုမှတ်မိနေတာဟာ သူ့အတွက်ဖိအားဖြစ်စေသလို သူ့အနေနှင့် တစ်ခြားသူတွေကိုရီမောအောင်မလုပ်ပေးနိုင်ရင် ညအိပ်မပျော်တဲ့အထိတောင် ခံစားခဲ့ရတယ်လို့ပြောခဲ့တာပါ။


လီဂွမ်ဆူဟာ Running Man မှာ ၁၁ နှစ်အကြာပုံမှန်အဖွဲ့ဝင်အနေနှင့်ပါဝင်လာပြီးတော့ ၂၀၂၁ မှာထွက်သွားခဲ့တာဖြစ်ပါတယ်။ ထွက်သွားရတဲ့အကြောင်းရင်းကို ကျန်းမာရေးကြောင့်လို့ပြောခဲ့ပေမဲ့ ပရိတ်သတ်တွေကတော့ တစ်ခြားအကြောင်းရင်းရှိနေလိမ့်မယ်လို့ယူဆထားကြပါတယ်။
