သွားပါသည့် သွေးစုပ် ”မျှော့” များအကြောင်း

//s9.kh1.co/39/39fa159f5ff82a6a474fdb5708e142ece4457580.jpg
MPT

 ၁၄-နို-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

မျှော့တွေက ခြောက်လကျော်ထိ အစာမစားပဲ နေနိုင်တယ်ဆိုတာ သိပြီးပြီလား ?

သွေးကို အစာအာဟာရအဖြစ် စားသုံး အသက်ရှင်ကြတဲ့ မျှော့တွေက စိုစွတ်တဲ့ နေရာတွေမှာ အတွေ့များပါတယ်။ ကျောရိုးမဲ့အကောင်တွေ ဖြစ်ကြပြီး မျှော့တစ်ကောင်မှာ မျက်လုံးဆယ်လုံး ပါရှိပါတယ်။ သို့ပေမယ့် အမြင်အာရုံ အားနည်းကြပါတယ်။ အစာမစားပဲ ခြောက်လနီးပါးထိ ရှင်သန်နိုင်တာကြောင့်လဲ မျှော့တွေကို  မိုးရာသီလောက်မှာပဲ အများဆုံး မြင်ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/fd/fd2ce02ce797e6b7804009fd144852ed0a387738.jpg

သိပ္ပံ အခေါ်အရ  Hirudinea လို့ခေါ်ဆိုပြီး မျိုးစိတ်ပေါင်း 680 ကျော်တောင်ရှိပါတယ်။ 480 ကျော်လောက်က ရေချိုမှာနေထိုင်ပြီး ကျန်မျိုးစိတ်တွေကတော့ ကုန်းပေါ်မှာရှိတဲ့ ရေကန်လို နေရာမျိုးတွေမှာ နေထိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/85/85375e2e61d2e58f87ec4314a259e58cd5150d9c.jpg

၎င်းတို့ ခန္ဓာကိုယ် အလေးချိန် 10 ဆနီးပါးလောက်ထိ သွေးများကို စုပ်ယူနိုင်ပြီး အနီရောင်ရှိတဲ့ မျှော့တွေက သန်ကောင်တွေကို စားသောက်တဲ့ အသားစားမျှော့တွေပါ။ သွား နှစ်တန်း (သို့) သုံးတန်းခန့် ပါဝင်ပြီး မျှော့တွေ ကိုက်တဲ့အချိန်မှာ နာကျင်မှုကို မခံစားရတဲ့ထိ ၎င်းတို့ သွားတွေက သေးငယ်လွန်းပါတယ်။ အကြီးဆုံး မျှော့တစ်ကောင်က အရှည် 18 လက်မနှင့် အကျယ် 4 လက်မအထိ ကြီးထွားနိုင်တာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=428,q=100/a8/a85a36e1355614f3e91b183bad062f6aad5525ea.jpg

သတင်း အရင်းအမြစ် a-z-animals.com

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T