တောင်ကိုးရီးယားရသစုံရှိုးတွေထဲမှာ သက်တမ်းအကြာဆုံးဖြစ်ပြီးနာမည်ကြီးရှိုးဖြစ်တဲ့ Running Man ဟာပုံမှန်အဖွဲ့ဝင် (၇) ယောက်နှင့်လည်ပတ်နေတဲ့ရှိုးဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဂျွန်ဆိုမင်းဟာ အဖွဲ့ကနေထွက်ခွာဖို့ဆုံးဖြတ်ထားကြောင်း သတင်းထွက်လာပါတယ်။


ဂျွန်ဆိုမင်းဟာ ရှိုးမှာစတင်ပါဝင်စဥ်ကတည်းက သူ့ရဲ့အပြုအမူနှင့်လုပ်ဆောင်မှုတွေကြောင့် အတော်လေးဝေဖန်ခံရတဲ့သူဖြစ်ပါတယ်။ ရှိုးရိုက်နေစဥ်မှာ တစ်ခြားမန်ဘာနှင့်ဧည့်သည်တွေအပေါ်ဆက်ဆံမှုနှင့် ရှိုးအဖွဲ့ဝင်တွေအပေါ်လေးစားမှုမရှိတာကြောင့် ဝေဖန်ခံရပြီး အဖွဲ့ထဲကနေနှုတ်ထွက်ဖို့အထိပါပြောခံရတဲ့သူဖြစ်ပါတယ်။

ဂျွန်ဆိုမင်းရဲ့နောက်ဆုံးအပိုင်းမှာတော့ ဂျွန်ဆိုမင်းအနေနှင့်ရှိုးကနေထွက်သွားရတဲ့ တစ်ကယ့်အကြောင်းရင်းမှန်ကိုပြောခဲ့ပါတယ်။ ယူဂျယ်ဆော့က ဆိုမင်းဟာဝေဖန်မှုတွေကြောင့် ရှိုးကနေထွက်သွားတာမဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပိုပြီးအားစိုက်ချင်တာကြောင့်ထွက်သွားခြင်းဖြစ်ကြောင်းပြောခဲ့တာပါ။ အဖွဲ့ဝင်တွေကတော့ ဆိုမင်းအနေနှင့် သရုပ်ဆောင်အလုပ်မှာလည်းအများကြီးအောင်မြင်နေဖို့မျှော်လင့်ကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

