Reply 1988 ဇာတ်လမ်းကနေပြီး စတင်ခဲ့တဲ့ မင်းသား Ryu Jun Yeol နှင့် မင်းသမီး Heyri တို့ရဲ့ချစ်သူဆက်ဆံရေးဟာ ပြတ်ဆဲသွားပြီဖြစ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဇာတ်လမ်းမှာ အတွဲညီညီသရုပ်ဆောင်ခဲ့ကြပြီး ဇာတ်လမ်းထဲမှာမပေါင်းရပေမဲ့ အပြင်ဘဝမှာတစ်ကယ်တွဲဖြစ်သွားကြတာကြောင့် ပရိတ်သတ်တွေကျေနပ်ခဲ့ရတာပါ။


၇ နှစ်လောက်ရှိနေတဲ့ ချစ်သူဆက်ဆံရေးသက်တမ်းတစ်လျှောက်မှာ တွဲမြင်ရတာမျိုးသိပ်မရှိပေမဲ့ အချင်းချင်းအားပေးတတ်ကြတဲ့မိတ်ဆွေတွေ အနေနှင့်ဆက်တိုက်ရှိနေခဲ့ကြတာပါ။ ဒီလမ်းခွဲတဲ့သတင်းကို သတင်းဌာနတစ်ခုကနေထုတ်ပြန်လာတာဖြစ်ပြီးတော့ သက်ဆိုင်ရာအေဂျင်စီတွေဖက်ကလည်း သတင်းမှန်ကန်ကြောင်းအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။







