ပရိတ်သတ်တွေသတိမထားမိတဲ့ BTS နှင့် BlackPink အဖွဲ့ကြားကခင်မင်မှုများ

//s9.kh1.co/c6/c65729fe8cfe3596567c17dfddeeb40e5363e4af.jpg
MPT Korea Celebrity

 ၀၉-နို-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပရိတ်သတ်တွေသတိမထားမိတဲ့ BTS နှင့် BlackPink အဖွဲ့ကြားကခင်မင်မှုများ

BTS နှင့် BlackPink အဖွဲ့တို့ဟာ ကေပေါ့ကိုနိုင်ငံတကာထိအောင်မြင်စေခဲ့ကြတဲ့သူတွေဖြစ်ကြတဲ့အပြင် ကြီးမားတဲ့လွှမ်းမိုးမှုကိုယ်စီရှိကြသူတွေပါ။ နှစ်ဖွဲ့လုံးရဲ့ပရိတ်သတ်တွေက ပြိုင်ဆိုင်မှုတွေကြောင့် မတည့်တာတွေရှိတတ်ပေမဲ့ အိုင်ဒေါဖြစ်သူတွေကတော့ အချင်းချင်းလေးစားမှုရှိပြီး ခင်မင်မှုလည်းရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b0/b07032b74071946e5a26a569a70372ca0a54bc13.avif

V နှင့် Lisa တို့ဟာ မကြာခဏ ဖက်ရှင်ပွဲတွေမှာအတူတွဲတွေ့ရပြီးတော့ ပုံတွေပါအတူတွဲရိုက်တဲ့အထိရင်းနှီးကြပါတယ်။ ဒါ့အပြင် Jisoo နှင့် V ကလည်း သက်တူရွယ်တူဖြစ်ပြီး Music Bank မှာ MC အတူလုပ်ဖူးတာကြောင့်ရင်းနှီးကြမယ်လို့ယူဆနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/9c/9c71a4ece8b7b83cc4b0dd8dfb0518304ad71d19.jpg

ဒါ့အပြင် မကြာသေးခင်က ဖျော်ဖြေပွဲတစ်ခုမှာလည်း RM နှင့် Jennie ဟာအတူတက်ရောက်ပြီးတော့ ဖျော်ဖြေသူနှင့်အသီးသီးဓာတ်ပုံတွေရိုက်ခဲ့ကြတာကြောင့် နှစ်ယောက်သားခင်မင်နေနိုင်တယ်လို့ယူဆထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/f1/f164f4a6fe17f1f481eb5d7ebcc154d8ed01ab9e.jpg

Jennie ရဲ့  CK ပွဲနေ့တုန်းကလည်း JungKook ကိုယ်တိုင်ပွဲလာတက်ပြီးတော့ စကားပြောကြတာကို ပရိတ်သတ်တွေက တွေ့ခဲ့ရပါတယ်။  BTS နှင့် BlackPink တို့နှစ်ဖွဲ့လုံးဟာခင်မင်မှုတွေရှိနေကြပေမဲ့ ပရိတ်သတ်တွေရဲ့အားပြိုင်မှုနှင့် ကုမ္မဏီမတူတာစတဲ့အကြောင်းအရာတွေကြောင့် Public မှာရင်းနှီးဟန်မပြကြတာဖြစ်နိုင်တယ်လို့ Netizens တွေကယူဆထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/83/838b1798c78359a761e4ae4132fe336ca41b63af.avif
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T