အဆက်မပြတ် ရေကူး နေကြတဲ့ ငါးတွေ ဘယ်အချိန်မှာ ရပ်ပြီး အိပ်စက်အနားယူလဲဆိုတာကို ပညာရှင်တွေက စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။ ငါးတွေက နေ့အချိန်သာမက ညအချိန်တွေမှာလဲ အိပ်စက်နိုင်ပါတယ်။ မျက်လုံးပိတ်အိပ်စက်ကြတဲ့ ငါးတွေရှိသလို ငါးမန်းလို ငါးမျိုးတွေကတော့ မျက်ခွံမပိတ်နိုင်တာကြောင့် မျက်လုံးဖွင့်လျက်သား အိပ်စက်ကြပါတယ်။

အိပ်စက်နေချိန်မှာတောင် ခန္ဓာကိုယ် လှုပ်ရှားမှုကို လုပ်ဆောင်ဖို့လိုပါတယ်။ ဒါကြောင့် ငါးတစ်ကောင် လှုပ်ခတ်နေတာကို မြင်တိုင်း နိုးနေတယ်လို့ ပုံသေ သတ်မှတ်လို့မရပါဘူး။ ကိုယ်တွင်း အောက်ဆီဂျင် အခြေ အနေကို ထိန်းသိမ်းထားဖို့က ငါးတွေအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။

ငါးမန်းတွေကတော့ အိပ်စက်နေရင်း နှေးကွေးတဲ့ လှုပ်ရှားမှုနဲ့ ရေကူးခတ်ကြပါတယ်။ တစ်ချို့ငါးအမျိုးအစားတွေက လူသားတွေ အိပ်စက်ခြင်းနဲ့ ဆင်တူပါတယ်။ သားကောင်တွေကိုရှောင်ရှားဖို့ ညဘက်မှာသာ အိပ်စက်ကြပြီး Parrot fish အမည်ရတဲ့ ငါးကတော့ ဂျယ်လီပုံစံအချွဲ ထုတ်လုပ်နိုင်ကာ ညအခါမှာ ၎င်း ဂျယ်လီများ ကာရံပြီး အိပ်စက်အနားယူ ကြတာပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ https://wonderopolis.org




