ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ သစ်ပင်ရဲ့ အခေါက်တွေက အညိုရောင်နဲ့ မထင်မရှား အရောင်တွေဘက်ကို သွားတာ ပိုများပါတယ်။ ဒီအရောင်စုံ ကာလာတွေကို တစ်စုံတစ်ယောက်ကများ ဆေးရောင်ခြယ်ခဲ့သလားလို့ မေးခွန်းထုတ်နိုင်ပေမယ့် သံသယဖြစ်စရာ မရှိတဲ့ သဘာဝ ဖြစ်တည်မှုပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ၊ နယူးဂီနီ အပူပိုင်းသစ်တောတွေမှာ အများဆုံးတွေ့ရပြီး အမြင့်ပေ 250 လောက်ထိကို ကြီးထွားကြပါတယ်။ ယူကလစ်ပင်ရဲ့ အခေါက်တွေ ကြီးထွားလာတာနဲ့အမျှ အပြာ၊ ခရမ်းရောင်၊ လိမ္မော်ရောင် ၊ အနီရောင်များ အဖြစ်ကို ပြောင်းလဲသွားကြပါတယ်။

အံ့သြစရာ အရောင်စုံယူကလစ်ပင်ရဲ့ အရွက်တွေက ဆေးဖက်ဝင်တဲ့ အာနိသင်လဲရှိပါတယ်။ ဟာဝိုင်အီမှာ သက်တံ့ရောင် ယူကလစ်ပင်တွေကို စိုက်ပျိုးထားပြီး အဆိုပါ ယူကလစ်ပင်အခေါက်ရဲ့ ရောင်စုံဖြစ်တည်မှုကို ကမ္ဘာလှည့်ခရီးသွားများက လာရောက်ကြည့်ရှုလေ့လာ ကြပါတယ်။

သတင်း အရင်းအမြစ်៖ www.insider.com