Dolphins
လင်းပိုင်တွေက လူသားတွေနဲ့ အတော်လေး ရင်းနှီးကျွမ်းဝင်ပြီး Social ကောင်းကြပါတယ်။ ဉာဏ် ကောင်းတဲ့အပြင် ဟာသဉာဏ်ရွှင်တယ်လို့ လင်းပိုင်အနီးကပ်စောင့်ကြည့်သူတွေက ဆိုပါတယ်။ စိတ်ခံစားချက်ကို ဖော်ပြတဲ့နေရာမှာလဲ သိသိသာသာ ထင်ထင်ရှားရှား ရှိပြီးတော့ အားရပါးရ ရယ်မောနေတဲ့ လင်းပိုင်လေး တစ်ကောင်ရဲ့ ပုံကို လူပေါင်းများစွာက ရိုက်ကူးဖြန့်ဝေခဲ့ကြပါသေးတယ်။

Rats
ကြွက်တွေက ကမ္ဘာပေါ်မှာ အပျော်ရွင်ဆုံး တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ပျော်ရွင်ချိန်၊ ဆော့ကစားချိန်တွေမှာ ကြွက်တွေရဲ့ တခစ်ခစ် ရယ်သံကို သာမန်လူတွေနားနဲ့ မကြားနိုင်ပါဘူး ။ အဲ့အတွက် ပညာရှင်တွေက လေ့လာစမ်းသပ်မှုတွေလုပ်ခဲ့ပြီး ကြွက်တွေရဲ့ ရယ်မောသံကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Dogs
အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ ခွေးလေးတွေက သစ္စာရှိလွန်းပြီး သခင်ကို မှီခိုတွယ်တာ တတ်ကြပါတယ်။ ခွေးတွေရဲ့ ရယ်မောခြင်းက အမျိုးမျိုးရှိပြီး အသံကတစ်ဆင့် ရယ်မောခြင်းနဲ့ မျက်နှာအမူအရာက တစ်ဆင့်ရယ်မောခြင်းကို သတိထားမိနိုင်ပါတယ်။ သခင်နဲ့ ရှိချိန်တွေမှာ ရယ်မောခြင်းကို ပိုလုပ်ကြပြီး ဒီလိုမျိုးပြုမူခြင်းက ခွေးလေးတွေကို အသက်ပိုရှည်စေပါတယ်။

သတင်း အရင်းအမြစ်៖ animaldome.com