အာဖရိကလင်းနို့ (သို့) နှုတ်ခမ်းကြီးလင်းနို့

//s9.kh1.co/5b/5b1771727b26e4eb8a3f0cdae8d6b6ad3271e93d.jpg
MPT

 ၀၄-နို-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

အာဖရိကလင်းနို့တွေက သင်မြင်ဖူးတဲ့ လင်းနို့တွေနဲ့ လုံးဝမတူပါဘူး

ကမ္ဘာ့တတိယ အကြီးဆုံးလင်းနို့အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အဆိုပါ လင်းနို့တွေရဲ့ သွင်ပြင်က တစ်မူထူးခြားနေပါတယ်။ တူခေါင်းပုံစံ ဉီးခေါင်းရှိတာကြောင့် တူခေါင်းလင်းနို့လို့လဲ ခေါ်ဆိုကြပြီး အလျား ၁ မီတာ (၃.၃ ပေ) ဝန်းကျင်ရှိတဲ့ အတောင်တွေ ပါရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/e0/e09f71b52c76270f8194c90064af5ff9c0820e43.jpg

တူခေါင်းလင်းနို့တွေကို လေ့လာဖို့အတွက် ပညာရှင်တွေက GPS တွေ တပ်ဆင်ပေးလိုက်လေ့ရှိပါတယ်။ ၎င်းအာဖရိက လင်းနို့တွေက တစ်နှစ်မှာ တစ်ကြိမ်ကနေ အများဆုံး နှစ်ကြိမ်ထိပဲ သားပေါက်ကြပြီး များသောအားဖြင့် လင်းနို့အမွှာတွေကို မွေးဖွားကြတဲ့ မျိုးစိတ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=282,h=179,q=100/75/753257f26f3f96c3db2f07193c9da7f4abd9676a.jpg

အသီးအနှံ စားသောက်ခြင်းကနေ အဓိက အစာအာဟာရကို ရရှိကြပါတယ်။ မိတ်လိုက်တဲ့အခါမျိုးမှာ အသံတစ်မျိုး ထုတ်လွှတ်ပြီး လင်းနို့အမတွေကို ဆွဲဆောင်ပါတယ်။ တူခေါင်းလင်းနို့တွေရဲ့ အသံအိုး ကြီးမားလွန်းတာကြောင့် သူတို့ရဲ့  နှလုံး၊ အဆုတ်၊ အစာအိမ် နဲ့ အူလမ်းကြောင်းလိုမျိုး ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို ရွှေ့ပြောင်းစေနိုင်တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=797,q=100/85/855101e6d13670c774993c03631e0ae1009ae408.jpg

သတင်း အရင်းအမြစ် hammer-headed-bat

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T