အဆိပ်ရှိသော ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး အင်ဒိုပစိဖိတ်ဒေသရှိ ရေတိမ်ပိုင်းတွင် နေထိုင်ကြ၏။ ကျောက်ဆောင် ၊ သန္တာကျောက်တန်းကြား ၊ ရွှံ့အိမ်များနှင့် မြစ်ဝှေးတစ်လျှောက်တွင် အတွေ့များပြီး ပျော့ပျောင်းသော ငါးမျိုးစိတ်ဖြစ်သည်။

ကြီးမားသော ခေါင်းနှင့်ပါးစပ်၊ သေးငယ်သောမျက်လုံး၊ ကြွက်နို့အဖုများ၊ ထူထဲသော အရေခွံများကြောင့် အခြားငါးများနှင့် မတူကွဲထွက်နေသည်။ ပင်လယ်အောက်ခြေတွင် မလှုပ်မယှက်ဖြင့် ပတ်ဝန်းကျင်အနေအထားနှင့် ပုံစံတူ အယောင်ဆောင်ကာ အမဲလိုက်တတ်ကြသည်။

ရုပ်ဖျက်ထားသော Stonefish များကို မြင်တွေ့ရန်ခက်ခဲပြီး ၎င်းတို့၏ ဆူးတောင်ကျောရိုး အချောင်းများမှတစ်ဆင့် အဆိပ်များကို ထိုးသွင်းနိုင်သည်။ ၎င်းငါးအဆိပ် ထိုးသွင်းခံရလျှင် နာကျင်မှုမှာ ပြင်းထန်ပြီး တစ်ခါတစ်ရံတွင် အသက်ပင်ဆုံးရှုံးနိုင်သည်။

သတင်း အရင်းအမြစ်៖ www.britannica.com




