ကောင်းကင်ကနေ မဆင်းသက်ဘဲ ၆ လအထိ ပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်

//s9.kh1.co/74/7460a747b9662292685c51198db9b1d13ab5815a.jpg
MPT

 ၀၁-နို-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ကောင်းကင်ကနေ မဆင်းသက်ဘဲ ၆ လအထိ ပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်

Alpine Swift လို့ခေါ်တဲ့ ပျံလွှားငှက် (သို့) မိုးဆွေငှက် များဟာ အန္တာတိကတိုက်မှလွဲပြီး ကမ္ဘာအနှံ့တဲ့  တွေ့ရှိရသောငှက်ဖြစ်ပါတယ်။ ထူးခြားတဲ့ ပုံစံရှိပြီး လေထဲမှာ ကောင်းမွန်စွာ အစာရှာစားသောက်တတ်တဲ့ ငှက်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/31/31d00338418b27fcdee2bd974f09ca3f7be52452.jpg

ပိုပြီးအံ့ဩစရာကောင်းတာက ဒီငှက်တွေဟာ ကောင်းကင်ကနေ အောက်ကိုမဆင်းဘဲ ၆ လကျော်ကြာအောင် ပျံသန်းနေနိုင်တာပါ။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကရှာဖွေခဲ့တဲ့ ပညာရှင်တွေရဲ့မှတ်တမ်းတွေအရ ပျံလွှားငှက် ငှက် ၆ ကောင်ရဲ့ ပျံသန်းနိုင်မှုကို မှတ်တမ်းတင်ဖို့ အာရုံခံစနစ်တွေကို တပ်ဆင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/20/20c9dea649738d34258436eb44f04682945cc8cf.jpg

 အဲ့ဒီအချိန်တုန်းက ပျံလွှားငှက်တွေဟာ ဥရောပရဲ့ နွေရာသီကနေ မိုင်ထောင်ချီဝေးတဲ့ ဆောင်းရာသီအတွက် အာဖရိကကို ပြောင်းရွှေ့နေထိုင်ကြတာပါ။ တစ်နှစ်ကြာတဲ့အခါမှာ ပညာရှင်တွေ အာရုံခံစနစ်တပ်ဆင်ပေးခဲ့တဲ့ ငှက် ၃ ကောင်ဟာ ပြန်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=611,h=447,q=100/ce/ce4047c238ecf91d68d3e5ab8b27957d0ebd6583.jpg
https://s9.kh1.co/__image/w=650,h=434,q=100/eb/eb303fa9457b2f82a3110efb5affdac57bb73fe7.jpg

ပညာရှင်တွေ အာရုံခံစနစ်ကနေ မထင်ထားတဲ့ အရာတစ်ခုကို တွေ့လိုက်ရတာက ပျံလွှားငှက်တွေဟာ အနောက်အာဖရိကမှာ မျိုးမပေါက်သေးတဲ့ ကာလအထိ ကောင်းကင်မှာ ရက်ပေါင်း ၂၀၀ ကျော် ဆက်တိုက်နေခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/7d/7da9148842aa33884340a415e80b61bcd6081d62.jpg

ဒီလိုပျံသန်းနိုင်မှုဟာ သေးငယ်တဲ့ အရွယ်အစားနှင့် ပေါ့ပါးတဲ့ သူ့ရဲ့ အတောင်ပံများကြောင့် အချိန်ကြာမြင့်စွာပျံသန်းနိုင်တာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ် Source - teachingexpertise

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T