ခွေးလေးတွေ အကြောက်ဆုံးအရာ (3) ခုအကြောင်း

//s9.kh1.co/5e/5ea356c2c718963ed8fea3dc161e67d724e46604.jpg
MPT

 ၀၁-နို-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သင့်အချစ်တော်ခွေးလေးတွေ ဘာကြောက်တတ်လဲ သိကြလား ?

လူတွေကြောက်လန့်ခြင်းအမျိုးမျိုးရှိသလို ခွေးလေးတွေမှာလဲ ကြောက်လန့်တတ်တဲ့အရာလေးတွေရှိပါတယ်။ 

1) မိုးခြိမ်းသံကြောက်ခြင်း 

ခွေးတိုင်းကတော့ မိုးခြိမ်းသံကိုကြောက်လန့်တဲ့ အမူအရာပြပုံခြင်းမတူညီပါဘူး။ အကြောက်မလွန်တဲ့ခွေးတွေကတော့ ခန္ဓာကိုယ်ပိုမိုပျော့ပျောင်းပြီး  နားရွက်ကို နှိမ့်ကာ ခန္ဓာကိုယ်အောက်မှာ အမြီးကို ကွေးထားတတ်ကြပါတယ်။ ပိုကြောက်တတ်တဲ့ခွေးတွေကတော့ အိမ်ရဲ့ဘေးအကင်းဆုံးလို့ထင်ရတဲ့နေရာမှာ ပုန်းအောင်းတတ်ကြပါတယ်။ စိုးရိမ်စရာတစ်ခုက ဒီလိုအလွန်အကျွံကြောက်လန့်လွန်းရင် ဆီးသွားခြင်းနဲ့ ဝမ်းသွားခြင်းကိုပါ ထိန်းချုပ်နိုင်စွမ်းကျစေပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/9c/9c2cf66e2f9240a1a553c3887c1287564a29e6c7.jpg

2) လူစိမ်းကြောက်ခြင်း

သခင်မဟုတ်တဲ့ သူစိမ်းတွေကိုမြင်ရင် ‌ကြောက်လန့်တကြားဟောင်တတ်ကြပါတယ်။ ဒါက သူတို့ကိုယ်သူတို့ ကြိုတင်ကာကွယ်တာဖြစ်ပြီး ခွေးတွေကလူတွေကို ကြောက်လန့်တာဆိုရင်ပိုမှန်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ခွေးလေးတွေကို ကြင်ကြင်နာနာဆက်ဆံကြတာဖြစ်လို့ ပိုပြီးရင်းနှီးလာကြပြီပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f5/f5d9a062a2056e5a8ab738a94faaeb5535cdfb4d.jpg

3) ခေတ်မှီပစ္စည်းများကိုကြောက်လန့်ခြင်း

ဖုန်စုတ်စက်၊ ဆံပင်အခြောက်ခံစက်လိုမျိုး အသံကျယ်ကျယ် စူးစူးဝါးဝါးတွေကို ကြောက်လန့်တတ်ကြပါသေးတယ်။ ခွေးလေးတွေမှ မဟုတ်ပါဘူး ကြောင်‌လေးတွေမှာလဲ ဒီလိုစက်ပစ္စည်းတွေကို ကြောက်လန့်တာမျိုးက ဖြစ်လေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/ed/ed3d0b36c7433e7758d65f6346367eed0c71694d.jpg

သတင်း အရင်းအမြစ် topdogtips.com

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T