ကဏန်းနီ (Paralithodes camtschaticus) သည် မြောက်ပစိဖိတ်သမုဒ္ဒရာနှင့် ကပ်လျက်ပင်လယ်များရှိ အေးသောရေပြင်တွင် ပေါက်ဖွားလာသော ကင်းကဏန်းမျိုးစိတ်ဖြစ်ပြီး ဘားရန့်ပင်လယ်တွင်လည်း တွေ့ရှိရသည်။ ဂဏန်းနီများသည် ငါးဖမ်းသမားများ၏ အကြီးမားဆုံး ပြစ်မှတ်တစ်ခုဖြစ်သည်။

ကဏန်းနီသည် အကြီးဆုံးသော ကဏန်းမျိုးစိတ် ဖြစ်သည့်အပြင် လုံးပတ်အကျယ် 28 စင်တီမီတာ (11 လက်မ)၊ ခြေထောက် 1.8 မီတာ (5.9 ပေ) နှင့် အလေးချိန် 12.7 ကီလိုဂရမ် (28 ပေါင်) အထိ ရောက်ရှိနိုင်သည်။ အထီးများသည် ဂဏန်းအမများထက် အရွယ်အစား ပိုကြီးသည်။ ယနေ့ခေတ်တွင် ကဏန်းနီသည် အကောင်ထည် အနံ 17 စင်တီမီတာ (7 လက်မ) ကျော်ပြီး ဘားရန့် ပင်လယ်တွင် နေထိုင်သည့် ဂဏန်းအထီးသည် 2.9 ကီလိုဂရမ် (6.4 ပေါင်) ထိရှိသည်။

ကဏန်းနီသည် စီးပွားဖြစ်ရောင်းချသည့် ကဏန်းမျိုးစိတ်များထဲတွင် အလိုချင်ကြဆုံး ဂဏန်းမျိုးစိတ်ဖြစ်ပြီး ယူနစ်အလေးချိန်မှာ ဈေးအကြီးဆုံးဖြစ်သည်။ Bering Sea ၊ Norton Sound နှင့် Alaska တို့တွင် အများဆုံးဖမ်းမိကြပြီး ဖမ်းရခက်ခဲသော ဂဏန်းဖြစ်၏။ နွေဦးပေါက် (မေလ) တွင် ကဏန်းနီ အမ များသည် မျိုးပွားရန် ကမ်းရိုးတန်း ရေတိမ်ပိုင်း ဒေသများ သို့ ပြောင်းရွှေ့ ကြပြီး ဂဏန်းအထီးများနှင့် တွေ့ဆုံကြသည်။ ဂဏန်းနီများသည် နှစ်စဉ် ဉပေါင်း 45,000 မှ 500,000 ထိ ပေါက်ဖွားနိုင်ကြသည်။

သတင်း အရင်းအမြစ်៖ wikipedia.org