ပုလဲထုတ်နိုင်သောကမာကောင်များ

//s9.kh1.co/95/95058da4f9b9d806a9e6b2484fb352ad5c47e84a.jpg
MPT

 ၂၆-အောက်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

သဘာဝ ရေထွက် အဖိုးတန်ပစ္စည်းထုတ်လုပ်သော ကမာကောင်

မျိုးစိတ်ပေါင်း 15,000 ကျော်ရှိပြီး  ၎င်းတို့အနက် 500 ခန့်သည် ရေချိုတွင် နေထိုင်ကြသည်။ Bivalves များသည် များသောအားဖြင့် သဲသောင် သို့မဟုတ် ရွှံ့အောက်ခြေများတွင် နေထိုင်ကြသည်။ကမာကောင်များစွာကို ပင်လယ်ပြင် ကမ်းစပ်အနီးတွင် အများဆုံး တွေ့ရှိရပြီး ရေအောက်ရှိ သေးငယ်သော အပင်နှင့် ရေပိုးမွှားများကို စားသောက်နေထိုင်ကြသည်။ ထူးခြားချက်မှာ အဖို၊ အမ တစ်လှည့်စီပြောင်းလဲ နိုင်သောလိင်ပြောင်းမျိုးစိတ်ဖြစ်သည်။ 

https://s9.kh1.co/__image/w=650,h=488,q=100/f9/f9047c65f9af2edf15211ebde14521265bd9abef.jpg

ကမာကောင် များသည် တစ်ကြိမ်ပေါက်ဖွားလျှင် အကောင်ရေ သိန်းချီ ပေါက်ဖွားနိုင်ပြီး ပူးနွေးသောဒေသတွင် ကြီးထွားမှုမြန်ဆန်ကြသည်။ စတင် အကောင်ပေါက်ချိန်တွင် အဖိုအဖြစ် မွေးလာရာမှ အရွယ်ရောက်ချိန်တွင် အမသို့ ကူးပြောင်းတတ်ကြပြီး အချို့မှာ တစ်နှစ်တွင် သုံးကြိမ်ခန့် လိင်ပြောင်းလဲ တတ်ကြကြောင်း သိရှိရသည်။

https://s9.kh1.co/__image/w=650,h=366,q=100/1b/1bf70194e5dcd927dc15fdf32f73f093636946d2.jpg

ဂုံးကောင်များသည် မျက်နှာပြင်အောက်မှ 0.6 မီတာ (2 ပေခန့်) အနက်အထိ နစ်မြုပ်နေတတ်သည် ။ ဂုံးအများစုသည် ရေတိမ်ပိုင်း၌ နေထိုင်ကြပြီး  လှိုင်းလုံးကြီးများရိုက်ခတ်ခြင်းမှ ကာကွယ်ထားသည်။ ပုလဲကို ကမာကောင် “မျက်ရည်" ဟုလည်း တင်စားပြောဆိုကြ၏။  ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိ၏။  သဘာဝပုလဲသည် မုတ်ကောင်၏ခန္ဓာကိုယ်အတွင်းတွင်ဖြစ်ပေါ်သည်။ မွေးပုလဲဆိုသည်မှာ ပုလဲဖြစ်ပေါ်လာစေရန် လူတို့က ပြုပြင်ဖန်တီးထားခြင်းဖြစ်သည်။

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d34e4c88b20b93d4b34d0453bab0e54471b03ee.jpg

သဘာဝပုလဲသည် ကမာကောင်များ၏ကိုယ်တွင်းသို့ အမှုန်အမွှားဖြစ်စေ၊ ပိုးမွှားဖြစ်စေ၊ အခြားသေးငယ်သောအရာဝတ္တုဖြစ်စေ ဝင်ရောက်လာပါက ကမာကောင်လေးများ၏ကိုယ်သည် ပိုးမွှားဝင်သကဲ့သို့ ယားယံခြင်းဖြစ်ပြီး နို့ရည်ကဲ့သို့ ဖြူဆွတ်ကြည်လင်သောအရည်များဖြင့် ယားယံစေသောအရာဝတ္တုများကိုဖယ်ရှားရန် ကြိုးစားကြသည်။ မဖယ်ရှားနိုင်သည့်အခါ ထိုအရာဝတ္တုငယ်ကို အရည်ကြည်များဖြင့် အထပ်ထပ်ဖုံးအုပ်ကြပြီး အချိန်ကာလကြာမြင့်သောအခါ "ပုလဲ"အဖြစ်သို့ရောက်ရှိကာ သဘာဝပုလဲများ ဖြစ်ပေါ််လာသည်။ 

https://s9.kh1.co/__image/w=650,h=506,q=100/38/38b85f3dbe2059d96932d335681f198764a5eb9c.jpg

သတင်း အရင်းအမြစ် en.wikipedia.org

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T