အနက်ရောင် ကျူးလစ်ပန်း

//s9.kh1.co/82/82e6ae5a26dab27caa3ad80c7ab21c2b25f6ffa5.jpg
MPT

 ၂၅-အောက်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ကျူးလစ်ပန်းအနက်ရောင်ဖြစ်နေတာ တစ်ကယ်ပဲသဘာဝကြောင့်လား?

အံ့ဩစရာ အနက်ရောင်ကျူးလစ်ပန်းတွေက ပန်းမျိုးစိတ်ကွဲများစွာထဲမှာ တော်တော်လေး စွဲမက်စရာကောင်းပါတယ်။ နွေဉီးနှောင်းပိုင်းရောက်တာနဲ့ အနက်ရောင်ကျူးလစ်တွေရဲ့ ဝေဝေဆာဆာ ပွင့်လန်းမှုကို မြင်တွေ့ခံစားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/50/5007568dd2a0e35d94902d4b2b250f41491cedfb.jpg

1940 ခုနှစ်တွေထဲက " Queen of Night" လို့လူသိများပြီး အမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့် ရှောက်ခံရတဲ့ ပန်းဖြစ်ပါတယ်။ နက်နဲတဲ့ ကတ္တီပါအရောင်‌ကို နေရောင်ဖြာကျလာချိန်မှာ တစ်လက်လက်တောက်ပနိုင်တာကတေ့ အနက်ရောင် ကျူးလစ်ပန်းရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ နေရောင်ထိုးချိန်မှာ ကြက်သွေးရောင်လို ပုံစံတစ်မျိုးပြောင်းလဲ မြင်တွေ့နိုင်ပေမယ့် အနက်ရောင်ကျူးလစ်အဖြစ်ပဲ သတ်မှတ်ထားကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=431,q=100/9f/9fc65501941b71fcd6ab4243246ab5962cf2f3b7.jpg

ပန်းအတွင်းရှိ ခရမ်းရောင်ဝတ်မှုံတွေက နက်မှောင်နေတဲ့ ကျူးလစ်ပွင့်ဖတ်တွေကို ညအခါမှာ အလင်း ရောင်ထွန်းလင်းစေပါတယ်။ ည ကျူးလစ်များကို ပညာရှင်များက နှစ်ပေါင်းများစွာ စိုက်ပျိုးခဲ့ကြပါတယ်။ ဆိုလိုတာက လူတွေပြုလုပ်ဖန်တီးထားတဲ့ ပန်းမျိုးစိတ်တစ်ခုပါ။ အမြင့် 24 လက်မထိကြီးထွားကြပြီး နေ ရောင်ကောင်းကောင်းရတဲ့နေရာနဲ့ မြေဆီလွှာကောင်းတဲ့မြေတွေမှာ စိုက်ပျိုးနိုင်တဲ့ အပင်ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=431,q=100/7d/7d9dbf17e0f37649f46548f391f239b695c0e409.jpg

သတင်း အရင်းအမြစ် balconygardenweb.com

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T