မကြာသေးခင်ကမှ ပရိတ်သတ်တွေကိုထိတ်လန့်စေခဲ့တဲ့ ဒိတ်တင်းသတင်းပိုင်ရှင် Jisoo နှင့် မင်းသား Ahn Bo Hyun တို့ပြတ်ဆဲသွားပြီဖြစ်ကြောင်း YG ဖက်ကနေအတည်ပြုလာတာဖြစ်ပါတယ်။ နှစ်ယောက်သားဟာ ဒိတ်တင်းသတင်းတွေစထွက်လာတုန်းကလည်း နှစ်ယောက်လုံးကိုယ်တိုင်အတည်ပြုပေးခဲ့တာပါ။



August လမှာမှ အတည်ပြုထားတဲ့အချစ်ရေးဟာနှစ်လအကြာမှာပဲပြတ်ဆဲကြောင်းသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်သားတွဲတဲ့သတင်းထွက်လာတုန်းက Jisoo နှင့်အတူသရုပ်ဆောင်ဖူးတဲ့ မင်းသား Jung Haein ကိုယ်တိုင်က နှစ်ယောက်လုံးအတွက်ဂုဏ်ပြုစကားပြောခဲ့သေးတာပါ။


YG ဖက်ကထုတ်ပြန်ချက်အရတော့ Jisoo တို့ဟာအလုပ်များလွန်းတဲ့အချိန်ဇယားတွေကြောင့် လမ်းခွဲရခြင်းဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ်ဆက်ပြီးတည်ရှိသွားမယ်လို့ သိရပါတယ်။
