နိုင်ငံတစ်ကာမှ အလှပဆုံး ဥယျာဉ်ကြီးများ

//s9.kh1.co/c2/c2ae3f1ef329defd60ea9e6e1a6fb3652bce616a.jpg
MPT

 ၂၃-အောက်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

အိပ်မက်ဉယျာဉ် (သို့) ပန်းများပျော်မွေ့ခြင်း

1) The Gardens of Versailles, Versailles,  France

ပြင်သစ်နိုင်ငံတွင်တည်ရှိပြီး ကမ္ဘာ့အမွေအနှစ် သမိုင်း၀င်နေရာ တစ်ခုဖြစ်သည်။ သဘာဝ အသီးအနှံများ၊ ရေကန်များနှင့် ဒဏ္ဍာရီလာပန်းပုရုပ်များအပြင် သစ်ပင်ပေါင်း 200,000 ခန့်စိုက်ပျိုးထားသည်။

https://s9.kh1.co/__image/w=650,h=342,q=100/7f/7fce384d3c5a8c23836540e1e28acb20c1ce1ad7.jpg

2) Keukenhof, Lisse, Netherlands

ကမ္ဘာ့အလှဆုံး နွေဦးဥယျာဉ်ဖြစ်ပြီး နှစ်စဉ် မတ်လရောက်တိုင်း ပန်းပွင့်ပေါင်း ခုနစ်သန်း မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လန်းလာသည်ကို ရှုစားနိုင်သည်။ နယ်သာလန်၏ အထင်ကရဖြစ်သော ကျူးလစ်ပန်းများနှင့် အနီရောင်ကော်ဇောသဏ္ဍာန် သစ်ပင်များက ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

https://s9.kh1.co/__image/w=650,h=342,q=100/ab/ab2889553cd188e16af5272e0381590f95e66408.jpg

3) Boboli Gardens, Florence, Italy

"Green Lung of Florence" ဟုအမည်ပေးထားသော အဆိုပါဥယျာဉ်သည် 16 ရာစုလက်ရာများဖြင့် တည်ဆောက်ထားကာ ခံ့ညားထည်ဝါလှသည်။ ရောမ၊ အီဂျစ် ဒဏ္ဍာရီကိုပုံဖော်ထားသည့် ပန်းပု၊ ကျောက်စာများလဲရှိသည်။ စမ်းရေတွင်းနှင့် မွှေးပျံ့သော ပန်းရနံ့များက Boboli Garden ၏ စွဲမက်ဖွယ်ဖြစ်သည်။

https://s9.kh1.co/__image/w=650,h=342,q=100/50/506a2a1a234ba52899a14e594e60c17c11c7642b.jpg

သတင်း အရင်းအမြစ် www.thetimes

Heather
Ei Me Me Lwin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T