Running Man မှ ဂျောင်ဆိုမင်းထွက်မည်

//s9.kh1.co/ac/acadb1c2d0edfb1028f8de13c918e76e2f5e3570.jpg
MPT Korea Celebrity

 ၂၃-အောက်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

Running Man မှ ဂျောင်ဆိုမင်းထွက်မည်

တောင်ကိုးရီးယားနိုင်ငံရဲ့နာမည်ကြီးရသစုံရှိုးတစ်ခုဖြစ်တဲ့ Running Man ဟာလက်ရှိအဖွဲ့ဝင် ခုနှစ်ယောက်နှင့်လည်ပတ်နေတဲ့ရှိုးတစ်ခုဖြစ်ပါတယ်။ ရှိုးရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဟာရှိုးတစ်လျှောက်လုံး ကာရိုက်တာအသီးသီးနှင့်ကြိုးစားခဲ့ကြတာပါ။ မူရင်းအဖွဲ့ဝင်တွေဖြစ်တဲ့ ဂယ်ရီနှင့် လီဂွမ်ဆူတို့ရဲ့နှုတ်ထွက်မှုဟာ ပရိတ်သတ်တွေကို ဝမ်းနည်းစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/fc/fc0bf995205cd10bf1a513b1a15df5fab55ddf9e.jpeg
https://s9.kh1.co/__image/w=600,h=375,q=100/18/185ad183ae44f9962dcfd04b4f57538a788d46c1.webp

အခုတစ်ခေါက်မှာလည်း Running Man ရဲ့ပုံမှန်အဖွဲ့ဝင်ဖြစ်တဲ့ Jung So Min ဟာရှိုးကနေနှုတ်ထွက်တော့မှာဖြစ်ကြောင်း သူ့ရဲ့အေဂျင်စီကနေအတည်ပြုလာခဲ့တာပါ။ အေဂျင်စီရဲ့ထုတ်ပြန်ချက်အရ ဆိုမင်းဟာ ရှိုးကနေထွက်ခွာမယ့်ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်တွေနှင့် ရိုက်ကူးရေးအဖွဲ့သားတွေနှင့်အများကြီးဆွေးနွေးခဲ့သလို အားလုံးဆီကကောင်းမွန်တဲ့အားပေးမှုတွေရခဲ့တယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/14/14fd58240205b6059cce323320680230c2540014.webp
https://s9.kh1.co/__image/w=650,h=434,q=100/b2/b2a7a8e0004b4501ff625d208f8655e0aae1f47b.avif

ခြောက်နှစ်တာ Running Man မှာပါဝင်ပြီးနောက်မှာ ပိုကောင်းမွန်တဲ့ So Min ကိုပြသနိုင်ဖို့အတွက်ခဏတာအနားယူဖို့လိုအပ်တာကြောင့် ဒီလိုထွက်ရခြင်းဖြစ်တယ်လို့ပြောပါတယ်။ Jung So Min ပါဝင်တဲ့နောက်ဆုံးအပိုင်းကိုတော့ အောက်တိုဘာလ ၃၀ ရက်နေ့မှာရိုက်ကူးသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/7b/7ba098a9abfadec2695a57ba96d54f8f2ff29291.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T