Kakapo
နယူးဇီလန်က ကြက်တူရွေးမျိုးစိတ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ တစ်ခုတည်းသော ကြက်တူ ရွေးပဲဖြစ်ပါတယ်။ အဆိုပါကြက်တူရွေးတွေက ပုံစံအမျိုးမျိုးနဲ့ကျော်ကြားပြီး အထင်ရှား ဆုံးကတော့ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ပဲဖြစ်ပါတယ်။ ဌက်မျိုးစိတ်ဖြစ်ပေမယ့် မပျံသန်းနိုင်တဲ့ အားနည်းချက်ကပဲ မျိုးသုဉ်းမှုအန္တရာယ်နဲ့ အကြီးအကျယ်ရင်ဆိုင်ရပါတယ်။ ၎င်းကြက်တူရွေးများကို ထိန်းသိမ်းမှုများ ပြုလုပ်ပြီး မျိုးပွားမှုတိုးတက်စေဖို့ လုပ်ဆောင်ခဲ့တာကြောင့် လက်ရှိမှာတော့ ကောင်းမွန်တဲ့အနေအထားကို ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

Kiwi
နယူးဇီလန်နိုင်ငံ၏ အမျိုးသားသင်္ကေတဖြစ်သော ကီဝီဌက်များသည် အနည်းငယ်ပျံသော်လည်း တစ်ကယ့်ဌက်အစစ်တစ်ကောင်၏ ပျံသန်းမှုမျိုးကိုတော့ မစွမ်းဆောင်နိုင်ကြပါ။ နူးညံ့သိမ်မွေ့သော အမွေးများရှိပြီး လွန်စွာရှက်တတ်သော၎င်းဌက်များသည် ညအချိန်တွင်သာအမဲလိုက်ခြင်းကို ပြုလုပ် ကြ၏။ ကီဝီဌက်တွေရဲ့ ချစ်စရာအကောင်းဆုံးနဲ့ လူသိများထင်ရှားတဲ့အချက်ကတော့ ၎င်းတို့ရဲ့ လက်တွဲဖော်ကို နှစ်၂၀ ကြာပေါင်းသင်းနေထိုင်ကြတာပဲ ဖြစ်ပါတယ်။

Flightless Cormorant
မျိုးစိတ်ပေါင်း နှစ်ဆယ့်ကိုးခုရှိသည့်အနက် Cormorant မျိုးစိတ်တစ်ခုထဲသာ မပျံသန်းနိုင် သောဌက် ဖြစ်၏။ အဆိုပါဌက်တွေရဲ့ တောင်ပံက ၎င်းတို့ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံခန့်သာရှိနေသောကြောင့် ပျံသန်းခြင်းကို စွန့်လွှတ်ထားရတဲ့ အခြေနေတစ်ရပ်ဖြစ်ကြောင်းကို 2017 ခုနှစ်တွင် ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်တက္ကသိုလ်မှ Leonid Kruglyak ပညာရှင်က ရှင်းပြထားပါတယ်။ Cormorant တွေက အစွမ်းထက်တဲ့ ခြေထောက်များကို အသုံးပြုကာ ကမ်းစပ်မှ ပေ ၃၀၀ အထိ ကူးခတ်နိုင်ပြီး ငါးနှင့် အခြားအဏ္ဏဝါသားကောင်များကို ရှာဖွေစားသောက်ကြပါတယ်။

သတင်း အရင်းအမြစ်៖ prising-flightless-birds-4869198




